Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့တန်းပြန် ချင်းတပ်ဖွဲ့ရဲဘော်များအား ထန်တလန် ဒေသခံများ ကြိုဆိုဂုဏ်ပြု

လတ်တလောတွင် ချင်းမြောက်ပိုင်း ဖလမ်း – ဟားခါး လမ်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ CDF ရဲဘော်အချို့လည်းကျဆုံးပြီး CNA ရဲဘော်အချို့ဒဏ်ရာရခဲ့သည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ - The Chin Journal

ရှေ့တန်းပြန် ချင်းတော်လှန်ရေးရဲဘော်များအား ထန်တလန်မြို့နယ် ကျေးရွာပြည်သူလူထုမှ ပန်းကုံးများနှင့် ကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း The Chin Journal က ယမန်နေ့တွင် ဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။

အဆိုပါ ရဲဘော်များသည် ထန်တလန်မြို့နယ်အတွင်း ရှေ့တန်းတစ်နေရာမှ ပြန်လာခြင်းဖြစ်သည်ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) အပါအဝင် မြို့နယ်အသီးသီးရှိ ချင်းတော် လှန်ရေးတပ်များ၊ ဆက်စပ်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

လတ်တလောတွင် ချင်းမြောက်ပိုင်း ဖလမ်း – ဟားခါး လမ်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ CDF ရဲဘော်အချို့လည်းကျဆုံးပြီး CNA ရဲဘော်အချို့ဒဏ်ရာရခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီနှင့်မင်းတပ်မြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်ကို မတူပီ CDFနှင့် မင်းတပ် CDFများက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဖြစ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။

သတင်း

ကေအဲန်ယူ-လယ်ဒိုမြို့နယ် မူသယ်ကျေးရွာအနီးမှာလည်း စစ်ကောင်စီရဲ့ ခလရ(၇၅)တပ်နဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူရဲဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင် ၁၁ရက်အထိကျေးရွာ ၂၆ရွာမှ နေအိမ် ၅၆၂လုံး မီးလောင်ပြာကျခဲ့သည်။

သတင်း

ရန်ကုန် မြို့နယ်သုံးခုမှ ပေါက်ကွဲမှုများတွင် တာမွေဖြစ်စဥ်မှာ စစ်ကောင်စီတပ်က ဖောက်ခွဲခြင်းဖြစ်ပြီး ကျန်ဖြစ်စဥ်နှစ်ခုမှာလည်း စစ်တပ်ကခွဲသည်ဟုသံသယဖြစ်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများနှင့်မျက်မြင်တွေ့ရှိသူများကပြောသည်။