Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရားမဝင်ကုန်သွယ်မှုအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊သတင်းပေးများနှင့် စစ်ကောင်စီအုပ်ချုပ်ရေးကို ပုံဖော်ကြိုပမ်းနေသူများကို အ​ရေးယူမည်ဟု KNDFသတိ​ပေး

တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။

(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း - ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ - KNDF)
(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း - ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ - KNDF)

တရားမဝင်ကုန်သွယ်မှုအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊စစ်ကောင်စီသတင်းပေးများ၊စစ်ကောင်စီအုပ်ချုပ်ရေးကို ပုံဖော်ကြိုပမ်းနေသူများနှင့် စစ်တပ်ထုတ်ကုန် ရောင်းချမှုများကို ထိရောက်စွာအရေးယူမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၃က ယနေ့(ဇူလိုင် ၁၆ ရက်) ထုတ်ပြန်သည်။

စစ်အာဏာရှင်အမြစ်ပြတ်ရန် စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည်မှာ တစ်နှစ်ကျော်ကာ လအတွင်း အသက်သွေးချွေများပေးဆပ် ကျော်ဖြတ်ခဲ့ပြီး စစ်ရေးဖိအားအပြင် စစ်ကောင်စီယန္တရား မလည်ပတ်နိုင်ရေးအတွက် ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း အသိပေးသည်။

ထို့ကြောင့် ကရင်နီပြည်(ဖယ်ခုံ၊မိုးဗြဲ၊ အရှေ့ဖက်ကမ်း နှင့် ပေါင်းလောင်း)ဧရိယာအတွင်း လိုက် နာရမည့် စည်းကမ်းချက်ငါးချက်ကိုလိုက်နာရန် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည်။

(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း - ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ - KNDF)
(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း – ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ – KNDF)

တရားမဝင်ကုန်သွယ်မှုတွင် သစ်၊ခဲ နှင့်ဒေသတွင်း သယံဇာတများတရားမဝင်တူးဖော် ရောင်းချခြင်းများကို အရေးယူမည်ဟု ဆိုသည်။

အလားတူ ကလေးသူငယ် ပညာရေးနှင့် လမ်းတံတားစီမံကိန်းများကို အကြောင်းပြု၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကို ပုံဖော်ကြိုးစားအားထုတ်ခြင်းကိုလည်း အရေးယူမည်ဟု ဖော်ပြသည်။

တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။

ထို့အပြင် စစ်ကောင်စီအား သတင်းပေးသော လူထုသစ္စာဖောက်ဒလန်များကိုလည်း ထိရောက်စွာ အရေးယူမည်ဟု အသိပေးသည်။

“ကျွန်ပ်တို့အနေဖြင့် ထုတ်ပြန်ထားသောစာအတိုင်း အရေးယူဆောင်ရွက်မှုများကို ယခင်ကာလတွင်လည်း ထိထိရောက်ရောက် လုပ် ဆောင်ခဲ့ပါသည်။ ဆက်လက်ပြီး ယခုထပ်မံထုတ်ပြန်ထားသော ကြေညာချက်ကို မိဘပြည်သူများမှ အလေးနက်ထားပြီး လိုက်နာပေးကြပါရန် တောင်းဆိုပါသည်။ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်သူကို သိရှိပါကလည်း ကျွန်ပ်တို့၏ page messenger တွင် လျှို့ဝှက်စွာ သတင်းပို့နိုင်ပါသည်”ဟု KNDF တပ်ရင်း – ၃ က ပြောသည်။

ထို့အပြင် လိုက်နာရန် တိုက်တွန်းချက်များကို ဖောက် ဖျက်ပါက မည်သည့် ပုဂ္ဂိုလ်မဆိုထိရောက်စွာအရေးယူမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

သတင်း

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

သတင်း

အဆိုပါ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ဇူလိုင် ၁၃ရက်တွင် ထပ်မံ စောင့်ကြို တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စစ်ကြောင်း ထွက်ပြေးရာနောက်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။