Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

K4Uတည်​ထောင်သူကိုဖမ်းဆီးထားကြောင်း စစ်ကောင်စီကြေညာလာ၍ ကျောင်းနဲ့ဆက်စပ်သူများ လုံခြုံရေးအထူးဂရုပြုရန် အကလ ဗဟိုသတိပေး

“Kaung For You နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး ဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအ စည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်”လို့ ဖော် ပြပါတယ်။

K4U ​ကျောင်းလိုဂို
K4U ​ကျောင်းလိုဂို

Kaung For Youပညာရေးကျောင်းတည်ထောင်သူနဲ့ ကျောင်းအုပ်ကြီးလည်းဖြစ်တဲ့ ဦးကောင်းသိုက်စိုးကိုဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ကြေညာလာတာကြောင့် ကျောင်းနဲ့ဆက်စပ်သူအားလုံး လုံခြုံရေးအထူးဂရုပြုနေထိုင်ကြဖို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
(အကလ-ဗဟို)က ဒီကနေ့(ဇူလိုင် ၁၆)မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။

K4U မှာ ကျောင်းအပ်ထားတဲ့ကလေးမိဘတွေ၊ CDM တွေ၊ ကျောင်းသားတွေ အားလုံးဂရုစိုက်ကြရန်၊ကျောင်းနဲပတ်သက်သော Telegram၊ Viber Group များမှ Leave လုပ်ထားကြပြီး User name တွေ၊ Profile Photo တွေကိုပြောင်းပေးထားကြဖို့ နှိုးဆော်ပါတယ်။

ဒါ့အပြင် မိဘတွေအနေနဲ့ K4U ကိုပေးထားတဲ့ ဖုန်းနံပါတ်တွေကို ခဏစွန့်​ပစ်ပြီးတစ်ခြားဖုန်းနံပါတ်ကိုပြောင်းလဲအသုံးပြုပေးကြဖို့၊ အတတ်နိုင်ဆုံး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိန်းသိမ်းထားကြဖို့နဲ့ ဖြစ်နိုင်ရင်နေရာပြောင်းရွှေ့ပြီးနေပေးကြပါလို့ အသိပေးပါတယ်။

“Kaung For You နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး ဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအ စည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်”လို့ ဖော် ပြပါတယ်။

Kaung For You က ဆက်သွယ်ခဲ့တဲ့ ဖုန်းများနဲ့အယောင်ဆောင်ဖုန်းများအားလုံးကို Black list(ဒါမှမ ဟုတ်)Block ထားကြဖို့ တိုက်တွန်းထားပါတယ်။

“ရန်သူကို ပါးနပ်စွာ ကာကွယ်ကြပါခင်ဗျာ”လို့ အကလ ဗဟိုက တိုက်တွန်းပါတယ်။

Kaung For You ပညာရေးကျောင်းမှာ ကျောင်းအပ်ခဲ့သူတွေကို ကျောင်းဘက်ကနေပြီးတော့ ကျောင်းအပ်လက်ခံရာမှာ အပ်သူရဲ့ နေရပ်လိပ်စာ၊ မိဘများမှာ CDM ဖြစ်ပါက မည်သည့်နယ်ပယ်၊ ဌာန၊ ဝန်ကြီးဌာနမှ CDM ဝန်ထမ်းဖြစ်ကြောင်းအပါအဝင် ဆွေမျိုးထဲမှာ CDM ပါမပါ စတဲ့အချက်အလက်တွေကိုပါ K4U က ကောက်ယူခဲ့တာဖြစ်တယ်လို့ ကျောင်းအပ်ခဲ့သူတွေကို ကိုးကားပြီး အကလ ဗဟိုက ဖော်ပြပါတယ်။

K4U ပညာရေးကျောင်းတည်ထောင်သူဖြစ်တဲ့ ဦးကောင်းသိုက်စိုးနဲ့ပတ်သက်ပြီး ဇူလိုင် ၁၃ ရက်မနက်အစောပိုင်းကတည်းက စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံရတယ်လို့ သတင်းတွေထွက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ဦးကောင်းသိုက်စိုးနဲ့အတူ ကျောင်းဆရာနှစ်ဦးကို ဖမ်းထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။

သတင်း

တိုက်ပွဲမှာ ယနေ့(ဇူလိုင် ၁၆ရက်)နေ့လည် ၁၁ နာရီခန့်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဦးကောင်းသိုက်စိုးနဲ့အတူ CDM ကျောင်းဆရာ ၂ ဦးကိုပါဖမ်းမိခဲ့တာလို့ စစ်ကောင်စီကသတင်းထုတ်ထားပါတယ်။

သတင်း

ထို့ပြင် ယခုထုတ်ပြန်သည့်နေရာများ အနီးဝန်းကျင်ရှိ ပြည်သူများ အနေဖြင့်လည်း အထူးသတိပြု ဂရုစိုက်ကြရန် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်ဟု ဟိုပင် PDFက ထုတ်ပြန်သည်။