Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်း – ဟာခါးလမ်းတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို လမ်းဘေးတွင် မီးရှို့ခဲ့

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။

(စစ်​ကောင်စီတပ်သားများ၏ ရုပိအ​လောင်းများကို မီးရှို့ထားစဥ်၊ ဓာတ်ပုံ - The Chin Journal)
(စစ်​ကောင်စီတပ်သားများ၏ ရုပိအ​လောင်းများကို မီးရှို့ထားစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️ယနေ့တွင်လည်း စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက်

ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ အလောင်းများကိုရမ်ထလိုကျေးရွာနှင့် ဒိုထဲကျေးရွာအကြား လမ်းဘေးတွင် မီးရှို့ခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။

အဆိုပါ နေရာများကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဓာတ်ပုံမှတ်တမ်းတင်ထားကြောင်း ၊ စစ်ကောင်စီတပ်သည် ဟာခါးမြို့နယ် ချွန်ကျုံးကျေးရွာနေအိမ် ၁၄လုံးကို မီးရှို့ပြီးနောက် ဟားခါမြို့ဖက်သို့ ဆက်လက်ထွက်ခွာကြရာ ယမန်နေ့ ဇူလိုင် ည ၇နာရီခန့်တွင် ချွန်ကျုံးနှင့် ဟားခါးအကြားတွင် ချင်းတော်လှန်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲံ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။

စစ်ကောင်စီတပ်သည် ဟားခါးနှင့် ၉မိုင်ခန့်ကွာဝေးသည့်နေရာတွင် ရောက်ရှိ‌နေကြပြီး အဆိုပါနေရာတွင် စခန်းချညအိပ်ကြကြောင်း The Chin Journal ဖော်ပြထားသည်။

ဖလမ်းမှ ဟာခါးမြို့သို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင် ၈ရက်မှစ၍ ချင်းလက်နက်ကိုင် ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်သာမက ဒီပဲယင်းနှင့်ရေဦးမြို့နယ်များတွင်လည်း အကြမ်းဖက်စစ်တပ်က လေယာဥ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီယာဉ်တန်း မင်းတပ် - မတူပီ လမ်းအတိုင်း မတူပီသို့ သွားပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားရန် ပြင်ဆင်ထားသည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အခက်အခဲတွေ့စေမှာသေချာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။

နိုင်ငံတကာ

အခုလိုမျိုး ကဏ္ဍစုံမှာ အကျပ်ရိုက်နေခြင်းကြောင့်လည်း အစိုးရ အနေနဲ့ ဒုစရိုက် ဂိုဏ်းတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း လျော့နည်းသွားပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အရှိန်မြင့်လာတာလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။