Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၁၄)စစ်သင်တန်းကျောင်းအနီး တိုက်ပွဲဖြစ်

တိုက်ပွဲမှာ ယနေ့(ဇူလိုင် ၁၆ရက်)နေ့လည် ၁၁ နာရီခန့်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၄)စစ်သင်တန်းကျောင်းအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး လက်နက် ငယ်တစ်လက်ရရှိကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယနေ့(ဇူလိုင် ၁၆ရက်)နေ့လည် ၁၁ နာရီခန့်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အမှတ်(၁၄)စစ်သင်တန်းကျောင်းမှထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဇူလိုင် ဒုတိယအပတ်အတွင်း စစ်ကောင် စီ၏ စခန်းကုန် များကို တိုက်ခိုက်ခြင်းနှင့် ထောက်ပို့ယာဥ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF)က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများအရ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် ထိတွေ့ မှုများ ရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။

နိုင်ငံတကာ

အခုလိုမျိုး ကဏ္ဍစုံမှာ အကျပ်ရိုက်နေခြင်းကြောင့်လည်း အစိုးရ အနေနဲ့ ဒုစရိုက် ဂိုဏ်းတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း လျော့နည်းသွားပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အရှိန်မြင့်လာတာလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

သတင်း

"Kaung For You နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး ဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအ စည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်"လို့ ဖော် ပြပါတယ်။

သတင်း

ဦးကောင်းသိုက်စိုးနဲ့အတူ CDM ကျောင်းဆရာ ၂ ဦးကိုပါဖမ်းမိခဲ့တာလို့ စစ်ကောင်စီကသတင်းထုတ်ထားပါတယ်။