Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင်တိုက်ပွဲမဖြစ်ဘဲ စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်၍အသက် ၂၀အရွယ်အမျိုးသမီးတစ်ဦး​သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်သာမက ဒီပဲယင်းနှင့်ရေဦးမြို့နယ်များတွင်လည်း အကြမ်းဖက်စစ်တပ်က လေယာဥ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

(ဇွန်လကုန်ပိုင်းက မြောင်နယ်ကျေးရွာတစ်ရွာအားအကြမ်း ဖက်စစ်တပ်က မီးရှို့ခဲ့စဥ်။ ။ဓါတ်ပုံ-MBTT)
(ဇွန်လကုန်ပိုင်းက မြောင်နယ်ကျေးရွာတစ်ရွာအားအကြမ်း ဖက်စစ်တပ်က မီးရှို့ခဲ့စဥ်။ ။ဓါတ်ပုံ-MBTT)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌စစ်​ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁၇ရက်) နံနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှဆင်းလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည်လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့်ဆယ်ရွာကျေးရွာပေါ်သို့လက်နက်ကြီးကျပြီး အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အမျိုးသမီးတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

“ဇရပ်ကုန်းမှာ တစ်ညအိပ်ပြီး ထိုးလာတဲ့စစ်ကြောင်းက တောလမ်းအတိုင်းဖြတ်ပြီးတော့ ​ကျောက်ရစ်အထိုင်စခန်းကိုဝင်တာ။ မနေ့ညက ကျောက်ရစ်စခန်းမှာ အထိုင်ချပြီးတော့ ကျောက်ရစ်တောင်ဘက် သရက်တာကနေပြီး စစ်ကြောင်းထိုးသွားတာ။ သရက်တာကို ၄၀ မမနဲ့ပစ်တော့ အိမ်တစ်လုံးပျက်စီးသွားတယ်။ အဲဒီကတဆင့် သရက်တာတောင်ဘက်ရောက်တော့ လက်နက်ကြီးတွေနဲ့ လှမ်းထုတော့ ဆယ်ရွာကျေးရွာ ရွာပေါ်သွားကျတာ။ ရွာကအိမ်တစ်အိမ်တစ်အိမ်ပေါ်သွားကျတော့ ကလေးမလေး အသက်၂ဝ ဝန်းကျင် သေဆုံးသွားတယ်။ နောက်အမျိူးသမီးတစ်ယောက်က ဒဏ်ရာရသွားတယ်။ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ မည်းမည်းမြင်ရာအကုန်ပစ်တာ။ တိုက်ပွဲမရှိဘဲပစ်တာ။”ဟု မြောင်နယ်အခြေစိုက် Special Force Army အဖွဲ့က ဗိုလ်တောက်ထွန်း(MBTT) က ပြောသည်။

ယနေ့နံနက် ၁၀ နာရီကျော်အထိ အကြမ်းဖက်စစ်တပ်သည် ၆၀မမများဖြင့်ရမ်းသမ်းပစ်ခတ်နေ၍ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရသည်ဟုဒေသခံများကပြောသည်။

ယနေ့(ဇူလိုင် ၁၇)နံနက် ၉ နာရီခန့်က မြောင်နယ် ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ်များ တောင်ဘက်သို့ ဆက်ထွက်လာပြီး သရက်တောရွာအနောက်ဘက်အရောက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း CDSOM မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနွေဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်များ ရမ်းသမ်းပစ်ခတ်လိုက်သော လက် နက်ကြီးကျည်တစ်လုံးမှာ ဆည်ရွာအတွင်းသို့ကျရောက်ပြီး လက်ဘက်ရည်ဆိုင်ရှိ အမျိုးသမီးအားကျည်ထိမှန်ကာ အသက်ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိအချိန်တွင် စစ်ခွေးများသည် ဇီးကျွန်းရွာမြောက်ဘက်တွင် ရောက်ရှိနေကြပါသည်”ဟု ကိုနွေဦးက ပြော သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်သာမက ဒီပဲယင်းနှင့်ရေဦးမြို့နယ်များတွင်လည်း အကြမ်းဖက်စစ်တပ်က လေယာဥ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

သတင်း

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီယာဉ်တန်း မင်းတပ် - မတူပီ လမ်းအတိုင်း မတူပီသို့ သွားပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားရန် ပြင်ဆင်ထားသည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အခက်အခဲတွေ့စေမှာသေချာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။

သတင်း

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးဒဏ်ရာရရှိသူ ရှိမရှိကို မသိရသေးကြောင်း၊ ယနေ့ ညနေပိုင်း၌လည်း ဟားခါး-ချွန်ကျုံးအကြားတွင် တော်လှန်ရေးတပ်ဖွဲ့မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း၌ ပါရှိသည်။