Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ်လမ်းပိုင်းအား ခရီးသွားလာခြင်းမပြုရန် မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတိပေး

“သတိပေးတားမြစ်ချက်အား မလိုက်နာဘဲ တစ်စုံတရာ ဖြစ်ပွားခဲ့ပါက မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက် မှ တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ကျေးဇူးပြု၍ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။

မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်
မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်

စစ်ကောင်စီက အင်အားတိုးမြှင့်လာပြီးနောက် စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ် လမ်းပိုင်း အား မည်သည့်နည်းလမ်း နှင့်မျှခရီးသွားလာခြင်း မပြုကြရန် မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်က သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မန္တလေး- မိုးမိတ်လမ်းပိုင်း အသုံးပြုကာ စစ်လက်နက် ပစ္စည်း၊ ရိက္ခာများ နှင့် စစ်အင်အားများ သယ်ယူပို့ဆောင် နေသည်ဟု လတ်တလောရရှိထားသည့် မြေပြင်သတင်းကို မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်က ဇူလိုင် ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အ​ပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးအခြေအနေ တင်းမာနေ၍ မန္တလေး- မိုးမိတ်လမ်းပိုင်းကို ဇူလိုင် ၁၇ရက်ကစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

“သတိပေးတားမြစ်ချက်အား မလိုက်နာဘဲ တစ်စုံတရာ ဖြစ်ပွားခဲ့ပါက မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက် မှ တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ကျေးဇူးပြု၍ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။

မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကူအညီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းပြီးကြောင်းကို ဇူလိုင် ၁၁ရက်က တရားဝင်ကြေငြာခဲ့သည်။ ယင်းနေ့တွင် မိုးမိတ်ခရိုင်ထွေအုပ်ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၃ရက်တွင် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၂၂၃)ဂိတ်စခန်းနှင့် မိုးမိတ်မြို့မရဲစခန်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။

သတင်း

“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။

သတင်း

ဆက်တိုက်ဆိုသလိုပဲ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိပါတဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားရေးငွေစာရင်းထဲမှာရှိတဲ့ ဒေါ်လာတွေကို ကျပ်ငွေနဲ့ အတင်းအဓမ္မလဲလှယ်တာတွေ စစ်ကောင်စီက လုပ်ဆောင်လာပါတယ်။

သတင်း

"စစ်ကောင်စီရဲ့ စီးပွားရေးကိုအသက်ပေးကာကွယ်နေတဲ့ ရဲနဲ့စစ်သားတွေကိုအကြောက်တရားတခုနဲ့ ဘဝတလျောက်လုံး နေထိုင်သွားရစေဖို့ တိုက်ခိုက်ခဲ့တာပါ"ဟု Kings Cobra Guerrilla Force - MDY မှ ဗိုလ်မြွေပွေးက ပြောသည်။