Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ်​ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်နေ၍ ​ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

(ခင်ဦးနယ်ကျေးရွာများအား ပစ်ခတ်နေသောရဟတ်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-သုတဇေယျာ)
(ခင်ဦးနယ်ကျေးရွာများအား ပစ်ခတ်နေသောရဟတ်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-သုတဇေယျာ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ခုနစ်ရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းပစ်ခတ်မှုပြုလုပ်နေ၍ ​ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်လ၁၈ရက်နေ့) နံနက် ၁၀နာရီခန့်က ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ သာဝတ္ထိကျေးရွာ၊ မုံလှရွာ၊ ပင်စိမ်းခင်းရွာ၊ ကျောက်တိုင်ရွာ၊ ကျည်စုရွာ၊ ငါးယုံကြီးရွာ၊ ရှားတော ကျေးရွာများအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီတပ်သည် ယမန်နေ့( ဇူလိုင် ၁၇ရက်)က ရေဦးမြို့မှ မြေပြင်စစ်အင်အား ၁၀၀ကျော်ဖြင့် သာဝတ္ထိရွာတောင်ပိုင်းကို စတင်ဝင်ရောက်လာခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းကလည်း ​ကျေးရွာ၏မြောက်ဘက်ကို လက်နတ်ကြီးများဖြင့် ၁၀လုံးထက်မနည်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ရဟတ်ယာဥ်သုံးစီးနဲ့ ရောက်လာပြီး ပစ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ချိန် နာရီဝက်ကျော်ကြာ​ခဲ့ပြီး ထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ ယာတောများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လယ်လုပ်၊ယာလုပ်သူများ ပြေးလွှားနေကြရကြောင်း ဒေသခံများက ပြောသည်။

“လက်ရှိအချိန်အထိ ငါးစီးဝဲနေတုန်း။ သုံးစီးက ဒီပဲယင်းညောင်လှဘက်က ​ွေးတွေ သယ်ပြီး လာချပေးနေတာ။ ၂စီးကMi-35တွေက ပစ်ခတ်တာတွေပြုလုပ်နေတယ်။”ဟု ကနီသားများ၏ ရင်တွင်းအသံက အသိပေးသည်။

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

သတင်း

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ပြီးခဲ့သည့် ဧပြီလကလည်း မတူပီမြို့အခြေစိုက်စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ(၉၂၉)မှ တပ်သားဖြိုးမင်းတို့သည် သေနတ် သုံးလက်နှင့်အတူ CDM ပြုလုပ်ကာ မတူပီ CDFထံ အလင်းဝင်ခဲ့သည်။

သတင်း

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။