Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းတွင်စစ်​ကောင်စီတပ်ပစ်ခတ်မှု​ကြောင့် မျှစ်ချိုး​ရောင်းသူလင်မယား​​သေဆုံး

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

(ရွှေဘို-ကျောက်မြောင်းလမ်းအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ရွှေဘို-ကျောက်မြောင်းလမ်းအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းကစစ်​ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မျှစ်ချိုးရောင်းသွားသူလင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယနေ့ (ဇူလိုင်လ ၁၈ရက်နေ့)နံနက်၃နာရီ ၄၅မိနစ်ဝန်းကျင်က ကျောက်မြောင်းမြို့၊ ခမရ ၁၂ မှ ကားတစ်စီးဖြင့် ထွက်လာသော အင်အား၁၂ဦးခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွှေဘို-ကျောက်မြောင်း လမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းကို မသွားကြရန် ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက မေတ္တာရပ်ခံသည်။

ထိုရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ဇူလိုင်လ၁၅ရက်နေ့ ည၈း၄၅ ခန့်က ရွှေဘို မှ ကျောက်မြောင်းဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ အိမ်စီးကား ၁စီး အား လမ်းပိုင်းတစ်နေရာတွင် ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၂) နှင့် ဒေသခံ ပကဖအဖွဲ့တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာ အပြင်းအထန်ရသွားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

သတင်း

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

သတင်း

ပြီးခဲ့သည့် ဧပြီလကလည်း မတူပီမြို့အခြေစိုက်စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ(၉၂၉)မှ တပ်သားဖြိုးမင်းတို့သည် သေနတ် သုံးလက်နှင့်အတူ CDM ပြုလုပ်ကာ မတူပီ CDFထံ အလင်းဝင်ခဲ့သည်။

သတင်း

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။