Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပလက်ဝ CDFတပ်ရှိရာသို့ စစ်ကောင်စီစစ်ကြောင်း သုံးခုဖြင့် ချီတက်လာ၍ တိုက်ပွဲများဖြစ်နိုင်ဟု အသိပေး

မည်သည့်အချိန်တွင်တိုက်ပွဲဖြစ်ပွားမည်ကို မပြောနိုင်သော်လည်း CDFတပ်များရှိရာသို့ ဆက်တိုး လာပါက တိုက်ပွဲဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

(ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အင်အား ၃၀၀ကျော်ရှိ စစ်ကောင်စီတပ် သည် စစ်ကြောင်းသုံးခုဖြင့် စစ်ရေးလှုပ်ရှားနေပြီး ပလက်၀ ချင်းကာကွယ်ရေး တပ်(CDF) တပ်ရင်း(၁) ရှိရာသို့ ဦးတည်နေကြောင်း ပလက်၀ CDFက အသိပေးသည်။

စစ်ကောင်စီတပ်သည် ဆမီးချောင်းတလျှောက် ကျေးရွာများဖြစ်သော ဝါဒိန်၊ဆောင်ဝရွာများအနီး ယာယီတပ်ချထားကြောင်း၊ ပလက်၀ CDFတပ်ရှိရာသို့ ဦးတည်လာ၍ မကြာမီ ထိတွေ့မှု ရှိနိုင်ကြောင်း ပလက်၀ CDFက ယနေ့(ဇူလိုင် ၁၈ရက်)တွင် ထုတ်ပြန်သည်။

“လောလောဆယ်တော့ ထိတွေ့မှုတော့ မရှိသေးဘူးလို့ပြောရမယ်။ သူတို့ ဘက်က CDF ဘက်က နေရာချထားတဲ့နေရာကို လာပြီးမှ ထိုးစစ်ဆင်မယ့် အနေအထားပေါ့။ သို့ပေမယ့် ဒီဘက်ကလည်း အသင့်အနေအထားတော့ ရှိနေတာပေါ့”ဟု ပလက်၀ CDFနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

မည်သည့်အချိန်တွင်တိုက်ပွဲဖြစ်ပွားမည်ကို မပြောနိုင်သော်လည်း CDFတပ်များရှိရာသို့ ဆက်တိုး လာပါက တိုက်ပွဲဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

“ထိတွေ့မှုက ရှိလာနိုင်တာမို့လို့ အဓိကတော့ CDF ပလက်၀ ဆိုတာ အင်အား ကောင်းသေး တာလည်းမဟုတ်ဘူး။ တည်ဆောက်နေတုန်းပဲ ဖြစ်နေသေးတော့ ဒီအပေါ်မှာ အားလုံး CDF ပလက်၀ကို နည်းနည်း ဝိုင်းရံပေးကြပါအုံး။ ဝိုင်းရံပေးဖို့ဆိုတာ ငွေအားနဲ့ ဖြစ်ဖြစ် ဆုတောင်းခြင်းနဲ့ ဖြစ်ဖြစ် ဝိုင်းရံပေးကြပါအုံးလို့ ဒေသခံတစ်ဦးအနေနဲ့ ပြောလိုပါတယ်”ဟု ပလက်၀ ဒေသခံက ပြောသည်။

တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ဒေသတွင်းရှိ ကျေးရွာများကိုလည်း အသိပေထား ကြောင်း ပလက်၀ CDFက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

သတင်း

ပခုက္ကူမြို့မှ ဇူလိုင် ၁၇ရက် နံနက်က ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း သည် ယနေ့ညနေ တွင် ကျောက်ထုမြို့သို့ ရောက်ရှိနေပြီ ​ကျောက်ထုဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။ ကျောက်ထုအားကျော်လွန်ပါက ချင်းတောင်သို့ ရောက်ရှိမည်ဖြစ်သည်။

သတင်း

ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

"ကားမိုင်းဆွဲခံရပြီး ရဲတပ်ကြပ်တစ်ယောက် သေတယ်။ ၁၂ယောက် ပျောက်နေတယ်။ပျောက်နေတဲ့အထဲမှာ ရဲမှူးတစ်ယောက်နဲ့ ဒုရဲမှုးတစ်ယောက်ပါတယ်" ဟုအမည်မ​ဖော်လို​သောဒုရဲမှုးအဆင့်ရှိရဲတစ်ဦးကလည်းပြောသည်။