Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး

ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး
ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး

●တနိုင်းရှိစစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်တပ်စခန်းနေရာကို KIA တိုက်ခိုက်သိမ်းပိုက်ဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ ယနေ့ တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ယနေ့ ဇူလိုင် ၁၈ရက်နေ့ တိုက်ပွဲဖြစ်ပွားမှု ကို KIA သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ဖော်ပြခဲ့ရာ ကချင်ဒေသခံတစ်ဦးက ဘာသာပြန်၍ ပြောပြပေးသည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းရွာအနီးတွင် ဇူလိုင် ၁၈ရက် မနက်ပိုင်း၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ခလရ(၇၆)၊ ခလရ(၄၂) ပူးပေါင်းတပ်က KIA ရှိသည့်နေရာသို့ ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း KIAသတင်းပြန်ကြားရေးက ဖော်ပြသည်။

ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး
ဖားကန့် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဆက်လက်ပြင်းထန်၊ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ဟု KIA အသိပေး

“ မနက် ၉နာရီ အချိန်မှာ စကစ ဘက်က တိုက်လေယာဉ် ၂စီးနဲ့ သုံးကြိမ်လာပြီးမှ ပစ်ခတ် ပစ်ကူပေးတာရှိတယ်တဲ့” ဟု ကချင်ဒေသခံက ပြောပြသည်။ အဆိုပါ ဒေသ၌ ဇူလိုင် ၁၆ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ဇူလိုင် ၁၇ရက် တွင်လည်း ဆယ်ဇင်းအထက်ဘက် တစ်နေရာ၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုဆိုသည်။

“အဲဒါ တပ်ဘက်က ထိခိုက်ဒဏ်ရာရတာ များပြားတဲ့အတွက်ကြောင့် ဂျက်လေယာဉ်တွေ စစ်ကူလာပြီးပစ်ခတ်ချေမှုန်းလာတယ်တဲ့” ဟု ဒေသခံက ဇူလိုင် ၁၇ရက် တိုက်ပွဲအခြေအနေ သတင်းဖော်ပြချက်ကို ဖတ်ပြသည်။

ယနေ့မနက်ပိုင်းတွင်လည်း တနိုင်းဒေသရှိ KIA တပ်မဟာ(၂) တပ်ရင်း(၁၄) နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကနွယ်တူဒေသရှိ စစ်ကောင်စီနှင့် ရှထုဇွပ် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က KIA တပ်ရှိရာသို့ ဝင်ရောက်စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။

တနိုင်းဒေသခံတစ်ဦးကမူ KIA တပ်ရင်း ၁၄နယ်မြေ ကနွယ်တူဒေသရှိ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ် စခန်းနေရာကို KIAက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောသည်။

“နေရာက KIAက သိမ်းလိုက်ပြီ။ အရင်က ကနွယ်တူဆိုတာ မှော်ပဲ။ မှော်ဟောင်း အဲဒီမှာ ပြည်သူ့စစ်တွေ ထိုင်တာ။ အဲဒါကို KIAက ဝင်တိုက်တာ။ အထိအခိုက်တော့ အတိအကျ မသိဘူး။ ဒါပေမဲ့ နှစ်ဖက်စလုံး ရှိမယ့် အလားအလာရှိတယ်။” ဟု တနိုင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ဒေသရှိ KIA တပ်စခန်းရှိရာသို့ လာရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးစစ်ရေးတင်းမာ နေဆဲဖြစ်သည်။ ယင်းဒေသ၌ ဇူလိုင် ၁၀ရက်မှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်ဟု ဝိုင်းမော်ဒေသခံ တစ်ဦးက ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ဒေသ၌လည်း ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“ ပြီးခဲ့တဲ့ တစ်နှစ်လုံး တပ်ဘက်က လှုပ်ရှားမှု မရှိသလောက်ပဲ။ သူတို့ တပ်ရင်း အပြောင်းအရွှေ့လုပ်တာပဲရှိတယ်။ အခုက လှုပ်ရှားလာတယ်ဆိုတော့ သူတို့ လှုပ်ရှားစစ်ကြောင်း ပြန်ထွက်လာပြီလား။ အကယ်၍များ တပ်ဘက်က သူတို့အခေါ်ရှင်းလင်းရေး ဖြစ်လာမယ်ဆိုရင် တိုက်ပွဲက ပိုပြီး ပြင်းထန်လာဖို့ရှိတယ်” ဟု ကချင်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

သတင်း

"ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။