Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီး – တောင်သာလမ်းတွင် စစ်ကောင်စီယာဥ်နှစ်စီးကို မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ်သားငါးဦးသေဟု နွားထိုးကြီး PDFပြော

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

(ပြီးခဲ့သည့် ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ-နွားထိုးကြီး PDF)
(ပြီးခဲ့သည့် ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ-နွားထိုးကြီး PDF)

မန္တလေးတိုင်း၊ နွားထိုးကြီး – တောင်သာလမ်းပေါ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီ ယာဥ်နှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး ကြောင်း နွားထိုးကြီး PDFအဖွဲ့က သတင်း ထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁၇ ရက်) ည ၁၀နာရီခန့်က နွားထိုးကြီးဘက်မှ တောင်သာမြို့ ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော အိမ်စီးကား မှန်လုံနှစ်စီးအား နွားထိုးကြီး – တောင်သာ နယ်အစပ်အရောက်တွင် နွားထိုးကြီး PDFအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFတာဝန်ရှိသူက “အရပ်ဝတ်တွေနဲ့ပါ။ အရာရှိလိုက်ပို့ တယ်တော့ကြားတယ်ဗျ။”ဟု ပြောသည်။

စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နွားထိုးကြီး PDFအဖွဲ့သည် ယခင်ရက်ပိုင်းအတွင်းကလည်း နွားထိုးကြီး – မြင်းခြံ လမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

သတင်း

"ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။