Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် ယနေ့ည ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံး

” ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

မုံရွာမြို့
မုံရွာမြို့

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ည ၇နာရီခန့်က ဆိုင်ကယ်စီအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီက သေနတ်နဲ့လိုက်ပစ်လို့ ကောင်လေးတစ်ယောက် သေသွားတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြော သည်။

ယနေ့(ဇူလိုင် ၇ရက်) ည ၇ နာရီခန့်တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင် ဒေသခံများက အတည်ပြုသည်။

Public Service Announcement
Public Service Announcement

မုံရွာမြို့ Topကိုယ်ပိုင်ကျောင်းလမ်းနှင့် ဆည်မြောင်းလမ်းဆုံတွင် ဆိုင်ကယ်စီးလာသော အမျိုသားနှစ်ဦးအား စစ်ကောင်စီကားက နောက်မှလိုက်တိုက်ကာ ဆိုင်ကယ်လဲကျသွားစဉ် သေနတ်ဖြင့်ပစ်ခတ်၍ တစ်ဦးသေဆုံးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

” ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

ကျန်အမျိုးသားတစ်ဦး၏ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။

သတင်း

တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း - ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။

သတင်း

“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။