Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကိုအသုံးချပြီး ပဋိပက္ခချုပ်ငြိမ်းဖို့ အာဆီယံအထူးကိုယ်စားလှယ်ဆန္ဒရှိနေ

အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုမှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ထဲပို့ထားခဲ့ပါတယ်။

Photo: Rathany Than
Photo: Rathany Than

မြန်မာနိုင်ငံဆီ တတိယအကြိမ်မြောက် ခရီးစဉ်လာရောက်ဖို့အတွက် စီစဉ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး ပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့ ဆောင်ရွက်လိုကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆွန်ခွန်းက ပြောဆိုလိုက်ပါတယ်။

စင်ကာပူအခြေစိုက် CNA သတင်းဌာနဲ့ အင်တာဗျုးမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ဆွန်ခွန်းက ထည့်သွင်းပြောခဲ့တာပါ။

တတိယအကြိမ်မြောက်ခရီးစဉ်ကို လာမယ့်စက်တင်ဘာလ ဒုတိယ ပတ်မှာ သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

ခရီးစဉ်ကို စက်တင်ဘာလ ၁၃ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် ဖြစ်မြောက်အောင် မျှော်လင့်ထားတယ်လို့ ပရက်ဆွန်ခွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ခရီးစဉ် နှစ်ကြိမ်မှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။

အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုမှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ထဲပို့ထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ကနေ မူလနေရာဆီ ပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချထားပါတယ်။

ပြီးခဲ့တဲ့ ခရီးစဉ်တွေမှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီစီစဉ်ပေးသူတွေနဲ့သာတွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆက်လက်ပြီး “ဒါက တရုတ်အပေါ်မှာလည်း တာဝန်ရှိပါတယ်။ တရုတ်ရဲ့အကျိုးစီးပွားတွေထဲ မှာ မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိဖို့ အရေးကြီးပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

သတင်း

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီ (နစက)ဟာ တကယ်လို့သာ အပစ်အခတ် ရပ်စဲမှုအတွက် သဘောတူညီခဲ့မယ်ဆိုရင် အတိုက်အခံအင်အားစုတချို့ကို လက်သင့်ခံသွားမယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြသခဲ့တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့ဆိုရင် တိကျတဲ့ သီးခြားသတ်မှတ်ချက်တွေကို ပြန်တောင်းဆိုထားပါတယ်။

သတင်း

အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။

သတင်း

အာဏသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့လိုက်တာပါ။