Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်နှင့်အလင်းဝင်လာသည့် ရဲတပ်သားကို ဆုကြေးကျပ်သိန်း ၆၀ ပေးအပ် ဟု ကန်ပက်လက် CDF အသိပေး

ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - Chin Defence Force -Kanpetlet
ဓာတ်ပုံ - Chin Defence Force -Kanpetlet

ချင်းပြည်နယ် ကန်ပက်လက်မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည်လက်နက် နှင့်အတူ အလင်းဝင် လာ၍ ကျပ်သိန်း၆၀ ပေးအပ်ခဲ့ကြောင်း ကန်ပက်လက် မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ထုတ်ပြန်သည်။

ကန်ပက်လက်မြိုမ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ပြည့်ဆန်းနောင်သည် လက်နက်နှင့် အလင်းဝင်လိုကြောင်း ဆက်သွယ်လာ၍ ဇွန်လ ၂၃ရက်တွင် ကန်ပက်လ် CDFမှ သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ CDM ဝင်ဖို့ကတော့ အစောကြီးကတည်းက အစီအစဉ်ရှိတယ်။ အစီအစဉ်ရှိတယ်ဆိုတာ အခက်အခဲ အကြပ်အတည်းလေးတွေရှိလို့ မဝင်ဖြစ်သေးတာ။ အခုကလည်း အုပ်ချုပ်မှုပိုင်းက တဖြည်းဖြည်းနဲ့ ဖိနှိပ်လာလို့ လူကြီးတွေကလည်း အပေါ်ကနေ တဖြည်းဖြည်းနဲ့ အောက်က ငယ်သားတွေကို မကြည့်ဘဲ ခိုင်းချင်ရာခိုင်းတယ်ပေါ့။ တဖြည်းဖြည်းနဲ့ စည်းကမ်းပိုင်းတွေ တင်းကြပ်လာတာ အဲဒါကြောင့်ရယ်။ ဒီပြင် စားဝတ်နေရေးလေးတွေလည်း အဆင်မပြေဘူးပေါ့နော် ။အဲဒါကြောင့်လေးတွေကြောင့်ပါ” ဟု ရဲတပ်သား ပြည့်ဆန်းနောင်က ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ရဲများအပေါ် နှိပ်ကွပ်နေပြီး တပ်သားအဆင့် အငယ်ပိုင်းကပင် လုပ်သက်ရင့် ရဲများကို ပါးရိုက်၊နားရိုက် စော်ကားမှုများရှိ သည်ဟု ၎င်းက ပြောပြသည်။

ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်သူနှင့် ပူးပေါင်းလိုသည့် မည်သည့်ရဲနှင့် တပ်မတော်သားကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်လျက် ရှိကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရန်သူသည် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သော ကြောင့် ယမန်နေ့ နံနက်ပိုင်းကပင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြား၌ တိုက်ပွဲထပ် ဖြစ်ခဲ့သည်။

သတင်း

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့် အဝတာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သတင်း

ပခုက္ကူမြို့မှ ဇူလိုင် ၁၇ရက် နံနက်က ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း သည် ယနေ့ညနေ တွင် ကျောက်ထုမြို့သို့ ရောက်ရှိနေပြီ ​ကျောက်ထုဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။ ကျောက်ထုအားကျော်လွန်ပါက ချင်းတောင်သို့ ရောက်ရှိမည်ဖြစ်သည်။

သတင်း

မည်သည့်အချိန်တွင်တိုက်ပွဲဖြစ်ပွားမည်ကို မပြောနိုင်သော်လည်း CDFတပ်များရှိရာသို့ ဆက်တိုး လာပါက တိုက်ပွဲဖြစ်လာမည်ဟု ၎င်းက ဆိုသည်။