Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးနိုင်ဟုဆို

ဖြစ်စဥ်နှင့်ပတ်သက်၍ BLACK ARMY DPY PDFအဖွဲ့ထံ ဆ​က်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ထို့အပြင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရေဦးမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးနိုင်ဟုဆို
ရေဦးမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက် ခံရပြီး နှစ်ဦးသေဆုံးနိုင်ကြောင်း BLACK ARMY DPY PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်လ၂၁ရက်) မွန်းလွဲ ၁နာရီခန့်က ရေဦးမြို့ အ.ထ.က အမှတ်(၁) ပညာရေးမှူးရုံးအနီး၌ အများပြည်သူအား ငွေညှစ်တောင်းခံလျက်ရှိ‌သည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား ရွှေဘိုခရိုင်တပ်ရင်း-၂၁ ၏ တပ်စုအသစ် ငှက်ဖြူညီနောင် အဖွဲ့တော်သားက မိုင်းနှစ်လုံးဖြင့် အသင့်ပြင်ဆင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLACK ARMY DPY PDF၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားနှစ်ဦး ထိခိုက်သေဆုံးကာ ယာဥ်များ ရှုပ်ထွေးသွားစဥ် တပ်စုအသစ် ငှက်ဖြူညီနောင်အဖွဲ့တော်သားများ ဆုတ်ခွာနိုင်ခဲ့သည်ဟု BLACK ARMY DPY PDF က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ BLACK ARMY DPY PDFအဖွဲ့ထံ ဆ​က်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ထို့အပြင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇူလိုင်၂၀ရက်) ည၁၁နာရီခွဲခန့်က စစ်ကောင်စီတပ်သားများသည် ကား ၄စီးဖြင့် ရေဦးမြို့နယ်၊ သံသည်ရွာဘက် ထွက်လာပြီး ချောင်းဆုံ၊ ထန်းဘဲလှရွာ များဘက်သို့ဦးတည်ကာ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ရေဦးနယ်အနောက်ခြမ်းရွာများမှ ပြည်သူများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

သတင်း

တိုက်ပွဲဖြစ်စဥ်တွင် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာတို့၌ ပါလက်နက်ကြီးကျ ရောက် ပေါက်ကွဲမှု များကြောင့် ပြည်သူများစစ်ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

သတင်း

အကယ်၍ မတက်သာ၍ ခရီးသွားလာရမည်ဆိုပါက ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေး ကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာ ကြရန် နှင့် ညဉ့်အချိန်များ၌ လုံခြုံရေးသတိဖြင့် အိပ်စက်ကြရန် အသိပေး ထားသည်။