Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင်ဆိုင်ကယ်နှစ်​ယောက်စီး၍ဆိုကာစစ်​တပ်က​သေနတ်ဖြင့် ပစ်၍အသက် ၂၀ ​အရွယ်လူငယ်တစ်ဦး​သေဆုံး

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

(​အကြမ်းဖက်စစ်တပ်ကသေနတ်ဖြင့်ပစ်၍ ကွယ်လွန်ခဲ့​သောလူငယ်)
(​အကြမ်းဖက်စစ်တပ်ကသေနတ်ဖြင့်ပစ်၍ ကွယ်လွန်ခဲ့​သောလူငယ်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်က ဆိုင်ကယ်နှစ်ယောက်စီးလာသည့် လူငယ်ညီအစ်ကိုနှစ်ဦးကို အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရ​သောညီဖြစ်သူမှာ ဇူလိုင် ၂၀ တွင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၁၇ ရက် ည ၇ နာရီခွဲ အချိန်တွင် မုံရွာမြို့ ဆည်မြောင်းလမ်း၌ အကြမ်းဖက်စစ်တပ်က အလုပ်ကိစ္စဖြင့် ဆိုင်ကယ်နှစ်ယောက်ပိုးစီးလာသည့် ညီအစ်ကိုနှစ်ယောက်အား အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ခဲ့ရာညီဖြစ်သူ အသက်၂၀ နှစ်​မောင်ဝင်းညွှန်လွင်ဆိုသူ ကွယ်လွန်ခဲ့ကြောင်း ​​ဒေသခံအချို့က​ပြောသည်။

“အဲဒီနေ့က ညကြီး ညီအကိုနှစ်ယောက်အလုပ်ကိစ္စတစ်ခုနဲ့ ဆိုင်ကယ် နှစ်ယောက်ပိုးစီးပြီး အပြင်သွားကြတာ၊။ အဲဒီမှာအကြမ်းဖက်စစ်​ွေးတွေက လူငယ်နှစ်ယောက် ဆိုင်ကယ်တစ်စီးတည်းစီးလာ‌တာမြင်တော့ကြောက်အားလန့်အားနဲ့ လှမ်းပစ်တာ ညီဖြစ်တဲ့ ဆယ်ပိုအသက်(၂၀)နှစ်ရဲ့ လည်ပင်းကိုကျည်ဖောက်သွားတာဗျ။ အဲ့အချိန်မှာ အကိုဖြစ်သူကတော့ပြေးနိုင်လို့ လွတ်တယ်။ စစ်​ွေးတွေက ဆိုင်ကယ်နဲ့ ညီဖြစ်တဲ့ ဆယ်ပိုကို နမခစစ်ဆေးရုံကိုခေါ်သွားတယ်။ဆေးရုံရောက်တော့ဆယ်ပိုအောက်ပိုင်းကလှုပ်မရတော့ဘူးတဲ့ဗျ။ဒီနေ့(ဇူလိုင် ၂၀ )တော့ ဆယ်ပိုသေသွားပြီဗျ။”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး​ဖေစ်ဘွခ်စာမျက်နှာသို့ ပြည်သူတစ်ဦးက​ဖြေကြား​ကြောင်း ​ဖော်ပြထားသည်။

“အဲ့နေ့ညက သူတို့ညီအကိုနှစ်ယောက်စီးတဲ့ဆိုင်ကယ်ကလည်း သူတို့အပိုင်မဟုတ်ဘူး ငှားစီးသွားတာ။အခု အဲ့ဒီ ဆိုင်ကယ်ကိုပါ စခတွေက သိမ်းလိုက်ပြီတဲ့ဗျာ။အမေဖြစ်သူကတော့ တစ်ပူကနေနှစ်ပူပေါ့ဗျာ။ သားဖြစ်သူအတွက်က တစ်မျိုး၊ဆိုင်ကယ်အစားပြန်ပေးဖို့ကတစ်မျိုးနဲ့။”ဟု ဒေသခံတစ်ဦးကပြောသည်။

ဆိုင်ကယ်မှာ ကလစ်အမျိုးအစားဖြစ်ပြီး ကျပ်သိန်း ၂၀ ​ကျော်တန်ဖိုးရှိကာ စစ်​ကောင်စီတပ်ထံပြန်​တောင်းရာ ​နောင်မှအ​ကြောင်ပြန်မည်​ပြောပြီး ​ပြန်မ​ပေး​သေး​ကြောင်း​ဒေသခံအချို့က​ပြောသည်။

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ BLACK ARMY DPY PDFအဖွဲ့ထံ ဆ​က်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ထို့အပြင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

တိုက်ပွဲဖြစ်စဥ်တွင် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာတို့၌ ပါလက်နက်ကြီးကျ ရောက် ပေါက်ကွဲမှု များကြောင့် ပြည်သူများစစ်ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ဇူလိုင် ၁၉ ရက်တွင်ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မန္တ​လေး-မုံရွာကားလမ်း​ပေါ်တွင် ပြည်သူ့ကားများဖြတ်သန်းသွားလာခြင်းမပြုရန် အရး​ပေါ်သတိ​ပေးချက်ထုတ်ပြန်ပြီး စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်များသေဆုံးမှု၊ ဒေသခံများထွက်ပြေး တိမ်းရှောင်ရမှု အားလုံး သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များဖြစ်သည်ဟု တပ်မဟာ(၂)တာဝန်ရှိသူက ပြောသည်။