Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် အာဇာနည်နေ့က မြို့ပေါ်စစ်ဆေးရေး နှစ်ကြိမ်ပြုလုပ်ပြီး စစ်ကောင်စီတပ်အား တိုက်ခိုက်

ထို့အပြင် ယမန်နေ့နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီတပ် တပ်စွဲထားသော မုံရွာစီးပွားရေး တက္ကသိုလ်ဝင်းအတွင်းအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။

(အာဇာနည်နေ့အထိမ်းအမှတ် စာတန်းများအား ချိတ်ဆွဲခဲ့ကြစဥ်။ဓာတ်ပုံ-MRI)
(အာဇာနည်နေ့အထိမ်းအမှတ် စာတန်းများအား ချိတ်ဆွဲခဲ့ကြစဥ်။ဓာတ်ပုံ-MRI)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဇူလိုင်၁၉ရက် အာဇာနည်နေ့က မြို့ပေါ် စစ်ဆေးရေးနှစ်ကြိမ်ပြုလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက် ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်က မုံရွာမြို့ ကျောက္ကာလမ်း မိုးကောင်းဘုရားအနီးတွင် တပ်စွဲထားသော ခရီးသွားပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်အား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် ထိုနေ့ည ၇ နာရီသာသာခန့်ကလည်း ဆည်မြောင်းလမ်းအတွင်း ရပ်ထားသော စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးအား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထပ်မံအသိပေးသည်။

ယမန်နေ့ညနေပိုင်းက အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မုံရွာမြို့ ချင်းတွင်းရတနာစျေး နှင့်မြို့လယ်နာရီစင်တို့တွင် တော်လှန်​ရေးဘန်နာ စာတန်းများ ချိတ်ဆွဲတော်လှန်ခဲ့ကြသည်။

ထို့အပြင် ယမန်နေ့နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီတပ် တပ်စွဲထားသော မုံရွာစီးပွားရေး တက္ကသိုလ်ဝင်းအတွင်းအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

သတင်း

KIA တပ်မဟာ(၉) ၊ တပ်ရင်း(၂၆) နယ်မြေ ဆယ်ဇင်းအနီး၌ ဇူလိုင် ၁၆ရက်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၇ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

သတင်း

(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါ ခရီးစဉ်အတွင်း၌ ဆွံ့အ နားမကြား မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း CNOက ထုတ်ပြန်သည်။