Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် နိုင်ငံပိုင်သယံဇာတများ​ရောင်းဝယ်သယ်​ဆောင်မှုအခွန်၊ ဒဏ်​ကြေး၊လိုင်စင်​ကြေးများ​ကောက်ခံစီမံခြင်းကိုမြို့နယ်ပအဖ စတင်လုပ်ကိုင်

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) က ပကဖများ၊ပအဖများ၊ PDF များ ၊တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို စိုးမိုးမှုနယ်​မြေအလိုက် အခွန်​စနစ်တကျကောက်ခံခွင့်ကို ခွင့်ပြု​ထားသည်။

(မုံရွာ-တန့်ဆည်-ကလေးဝလမ်းပိုင်း တစ်နေရာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မုံရွာ-တန့်ဆည်-ကလေးဝလမ်းပိုင်း တစ်နေရာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း နိုင်ငံပိုင်သယံဇာတများ သယ်ယူကူးသန်းမှုကို အခွန်၊ဒဏ်ကြေး၊ လိုင်စင်ကြေးများ ကောက်ခံခြင်းများအား စီမံဆောင်ရွက်နေကြောင်း တန့်ဆည်မြို့နယ် ပြ​ည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယမန်နေ့ ဇူလိုင်လ (၂၁) ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

တန့်ဆည်မြို့နယ်အတွင်း ဖြတ်သန်းသွားမည့် သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်းများကို စနစ်တကျစီမံဆောက်ရွက်ခြင်းနှင့် နိုင်ငံပိုင်သယံဇာတများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စီမံဆောင်ရွက်နိုင်ရန် “သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့”ကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

တန့်ဆည်မြို့နယ်အတွင်းဖြတ်သန်းသွားသော သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်းများ(ကျောက်မီးသွေး)ကို
သယ်ယူကူးသန်းပါက တန့်ဆည်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့မှ ခွင့်ပြုခြင်း၊ အခွန်/ ဒဏ်ကြေး/ လိုင်စင်ကြေးများ ကောက်ခံခြင်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့ဖြစ်ပါ၍ “သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့” ၏ ခွင့်ပြုချက်မရှိဘဲ အခြားမည်သည့် အဖွဲ့အစည်းမျှ အဆိုပါလုပ်ပိုင်ခွင့်များကို ၀င်ရောက်လုပ်ကိုင်ခြင်း၊ ဟန့်တားခြင်းမပြုရန်နှင့် မြို့နယ်အတွင်းဖြတ်သန်းသွားမည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် “သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့” ၏ လမ်းညွှန်ချက်များအတိုင်း ချိတ်ဆက်ဆောင်ရွက်ကြပါရန် တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) က ပကဖများ၊ပအဖများ၊ PDF များ ၊တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို စိုးမိုးမှုနယ်​မြေအလိုက် အခွန်​စနစ်တကျကောက်ခံခွင့်ကို ခွင့်ပြု​ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်း တပ်စိပ်အား မိုက်ဆွဲတိုက်ခိုက်ခဲ့သော တော် လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိဘဲ လုံ ခြုံသည့်နေရာသို့ရောက်ရှိပြီဖြစ်ကြောင်း TSO ထံမှ သိရသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare - KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။