Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား မဟာမိတ်လေးဖွဲ့ ဝင်ရောက်တိုက်ခိုက်

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး အော်တို သေနတ်၊ (၄၀)မမ၊ နှင့်စနိုက်ပါတို့ကို အသုံးပြုကာ နေရာခွဲ၍တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။

Young Force(UG) ၏ ရဲဘော်များ စစ်ဆင်ရေးတစ်ခု သွားရောက်နေစဥ်၊ ဓာတ်ပုံ - Young Force UG
Young Force(UG) ၏ ရဲဘော်များ စစ်ဆင်ရေးတစ်ခု သွားရောက်နေစဥ်၊ ဓာတ်ပုံ - Young Force UG

ပျူစောထီး နှစ်ဦးသေဆုံးကြောင်း Young Force (UG)ပြော

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် ပျူစောထီး နှစ်ဦး သေဆုံးခဲ့ကြောင်း Young Force (UG)အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ညနေပိုင်းက အရှေ့ဘုန်းကန်ရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရေစကြိုမြို့အခြေစိုက် Southern (Yso)၊ မြိုင်မြို့အခြေစိုက်သံမဏိသိမ်းငှက် (မြိုင်)နှင့် ပခုက္ကူမြို့ အခြေစိုက်Ranger (PKU)၊Young Force (UG)၊Rso (pku)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပျူနှစ်ဦး သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ “အာဇာနည်နေ့က အရှေ့ဘုန်းကန်ပွဲမှာ ပျူနှစ်ကောင် မုန့်ဟင်းခါးဖြစ်ပြီး ငါးကောင် ဒဏ်ရာရတယ်။ တစ်ကောင်လည်း ထပ်ဖြစ်ဖို့ ရှိတယ်လို့သိရပါတယ်။ ခုမြို့ပေါ်က (စကစ)နဲ့ တပ်ချင်းနေရာ ချိန်းထားတယ်လို့ သိရှိရပါတယ်။”ဟု Young Force (UG)က ထပ်မံ အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအတွက် ကျည်အတောင့်၂၁၀နှင့် (၄၀)မမ ကျည် ငါးခု အတွက် စုစုပေါင်း ၁,၉၈၅,၀၀၀ကျပ် ကုန်ကျခဲ့သည်ဟု ဆိုသည်။ ပြည်သူ့ရဲဘော်တစ်ဦး လက်ထိဒဏ်ရာရခဲ့ သော်လည်း မစိုးရိမ်ရကြောင်း Young Force (UG)က ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး အော်တို သေနတ်၊ (၄၀)မမ၊ နှင့်စနိုက်ပါတို့ကို အသုံးပြုကာ နေရာခွဲ၍တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၁၉ရက်က မင်းတပ်မြို့နယ်(ပအဖ)က မင်းတပ်မြို့နယ်အတွင်း ပြည်သူလူထု၏ အကျိုးကို ထောက်ရှု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်တင်ဒါအောင်သော ဒေသခံ ကုမ္ပဏီများကို တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် ကြေညာချက်ကို ပြန်လည် ပြင်ဆင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

သတင်း

အဲဒီအပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ ဇွန်လ ပထမ ရက်သတ္တပတ်က စစ်ကောင်စီက လုပ်ခဲ့တာပါ။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ကိုလည်းထိန်းချုပ်ခဲ့ပါတယ်။

သတင်း

တိုက်ပွဲမှာတစ်​နေကုန်ဖြစ်ပွားပြီး ည​နေ ၆ နာရီမှပြီးကာစစ်​ကောင်စီတပ်သည်​သေဆုံးစစ်သားများကိုပြန်မသဲဘဲ ပုံ၍မီးရှို့ခဲ့​ကြောင်းလည်းထုတ်ပြန်သည်။တိုက်ပွဲတွင် PDF များဘက်မှ ကျဆုံးထိခိုက်မှုမရှိဟုသိရသည်။

သတင်း

စစ်ကောင်စီသည် သွင်းကုန်များအပေါ် ကန့်သတ်များထားနေပြီး ဒေါ်လာငွေကြေးပြတ်လပ်မှုများကြောင့် ငွေပေးချေမှု ပြသနာများလည်း စိုးရိမ်စရာဖြစ်လာသည်ဟုဆိုသည်။