Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးတရားစွဲဆိုခံရသည့် အမျိုးသားတစ်ဦး အင်းစိန်အထူးတရားရုံးမှ ထွက်ပြေးလွတ်မြောက်

“အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်” စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။

စစ်ကောင်စီက ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးတရားစွဲဆိုထားသည့် အမျိုးသားတစ်ဦး အင်းစိန်မြို့နယ်အထူးတရားရုံးမှ ထွက်ပြေးလွတ်မြောက် သွားကြောင်း ရန်ကုန်တိုင်း တရားရေး အသိုင်းအဝိုင်းက အတည်ပြုသည်။

အဆိုပါအမျိုးသားသည် အင်းစိန်မြို့နယ် အထူးတရားရုံး၌ ဇူလိုင် ၂၀ရက်က ရုံးထုတ်စစ်ဆေးခံရစဥ် စစ်ကောင်စီလက်ပါးစေများလက်မှ လွတ်အောင်ထွက်​ပြေးနိုင်ခဲ့​ခြင်းဖြစ်သည်။

“အဲဒီသတင်းအမှန်ပဲ။ တရားစွဲခံရတဲ့သူ ထွက်ပြေးသွားလို့ ဝန်ထမ်းတွေရော ရဲတွေပါ ဒုက္ခတွေ့နေကြတယ်”ဟု ရန်ကုန်တိုင်းမှ တရားသူကြီးတစ်ဦးက ပြောသည်။

အထက်ပါ သတင်းသည် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက လူမှုကွန်ရက်တွင် ယ​နေ့(ဇူလိုင် ၂၂ရက်) စတင်ဖော်ပြလာခြင်းဖြစ်သည်။

“အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်” စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။

ထွက်ပြေးလွတ်မြောက်သွားသူ၏ ကိုယ်ရေးအချက်အလက်များကို တော်လှန်ရေးအင်အားစုများက ဖုံးဖိထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

" ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ"ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

သတင်း

STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

သတင်း

ကော်ဘရာစစ်ကြောင်းအနေဖြင့် ဆုတ်ခွာ ထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီ တပ်သားများအနေဖြင့် လက်နက်နှင့်တစ်ကွ ပူးပေါင်းလိုပါက Cobra Column Facebook Page အား ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

"ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်"ဟု Young Force(UG)ကဖော်ပြသည်။