Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်ပြစ်ဒဏ်စီရင်သည့် စစ်ကောင်စီ၏ လူမဆန်တဲ့လုပ်ရပ်အပေါ် ချင်းတပ်ဖွဲ့ ၁၈ဖွဲ့စုစည်းထားသည့် CJDC ရှုတ်ချ

CJDC အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်များသည် ချင်းပြည်အတွင်း စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လအတွင်း ဖလမ်း – ဟားခါးလမ်းနှင့် မတူပီမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

CJDC
CJDC

ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော်တို့လေးဦး တို့အား အကြမ်းဖက် စစ်ကောင်စီမှ သေဒဏ်ပေးကွပ်မျက်ခဲ့သည့် လူမဆန်သည့်လုပ်ရပ်များအပေါ် ချင်းပြည်ပူး တွဲကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee)က ပြင်းထန်စွာ ရှုံ့ချကြောင်း ထုတ်ပြန်သည်။

အာဏာလု အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟုလည်း CJDCက သဘောထားထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး နောက်ပိုင်းမှစ၍ မိမိတို့ ချင်းပြည်ထောင်အတွင်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန် ခဲ့ကြောင်း ဖော်ပြထားသည်။

CJDCသည် ချင်းပြည်ထောင်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) အပါအဝင် မြို့နယ် ၊ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ဝင် ပေါင်း(၁၈)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကော်မတီဖြစ်ပြီးအဖွဲ့အစည်းသည် နိုင်ငံတကာဥပဒေများကို တစိုက်မတ်မတ် လိုက်နာကျင့်သုံး ခဲ့သောအဖွဲ့အစည်း ဖြစ်ကြောင်း ထုတ်ပြန် သည်။

CJDC အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်များသည် ချင်းပြည်အတွင်း စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လအတွင်း ဖလမ်း – ဟားခါးလမ်းနှင့် မတူပီမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

သတင်း

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၂စီး ထိမှန်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းလျှက်ရှိ ကြောင်း ထုတ်ပြန်သည်။

သတင်း

မတရားသတ်ဖြတ်ခံရသည့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦး ၏ဓါတ်ပုံများ ကိုကိုင်​ဆောင်၍လည်း အကြမ်းဖက်စစ်​ကောင်စီကိုဆန့်ကျင်ဆန္ဒပြကြသည်။