Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ ကွပ်မျက်မှု လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း

အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ဥပဒေမဲ့သတ်ဖြတ်လိုက် ခြင်းနှင့်ပတ်သက်၍ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံများက ပြင်းထန်စွာ ရှုတ်ချကြသော်လည်း ကြီးလေးသည့်ရာဇဝတ်မှုဖြစ်ကြောင်း မလေးရှားက ပထမဆုံးထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

စစ်တပ်၏ ကွပ်မျက်မှု လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော
စစ်တပ်၏ ကွပ်မျက်မှု လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

●စစ်ကောင်စီကို အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးအားလုံးသို့ တက်ရောက်ခွင့်ပြုမည်မဟုတ်

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းသည် လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ဥပဒေမဲ့သတ်ဖြတ်လိုက် ခြင်းနှင့်ပတ်သက်၍ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံများက ပြင်းထန်စွာ ရှုတ်ချကြသော်လည်း ကြီးလေးသည့်ရာဇဝတ်မှုဖြစ်ကြောင်း မလေးရှားက ပထမဆုံးထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို အာဏာသိမ်းစစ်ကောင်စီက ကွပ်မျက်ခဲ့ခြင်းသည် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို သရော်လှောင်ပြောင်းခြင်းဖြစ် ကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယနေ့ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်ကတည်းက မလေးရှားအစိုးရအဖွဲ့သည် အရေးကြီးသည့်အကြောင်းအရာနှစ်ရပ်ကို ဆုံးဖြတ်ခဲ့ပြီး ယင်းတို့မှာ အာဆီယံ၏ဝန်ကြီးအဆင့်အစည်းအဝေးအားလုံးသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးရန်နှင့် ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ရေး ရှင်းလင်းပြတ်သားသည့် နောက်ဆုံးအဆင့်မူဘောင်လိုအပ်မှုတို့ဖြစ်ကြောင်း ဝန်ကြီးကအသိပေးသည်။

ထို့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အကြောင်းအရာ များစွာကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

မလေးရှားသည် စစ်ကောင်စီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့ခြင်းအား ရှုတ်ချကြောင်း ကုလအထူးကိုယ်စားလှယ် Dr. Noeleen Heyzer နှင့်တွေ့ဆုံစဉ် မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆက်လက်ပြီး ပူးတွဲထုတ်ပြန်ချက်၌ အကြမ်းဖက်လုပ်ရပ်များ အသုံးပြုခြင်းကို အဆုံးသတ်ရေး၊ ပြည်သူများ၏ဆန္ဒကို လေးစားလိုက်နာရေးနှင့် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ပို့ဆောင်ရေးတို့ကို စစ်အာဏာရှင်အား တောင်းဆိုသည်။

သတင်း

ပြည်သူ့ရဲဘော် (၂)ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီးပကဖဗိုလ်သံလုံးလက်ကိုအနည်းငယ်ထိသွားခဲ့သော်လ​ည်းမစိုးရိမ်ရကြောင်းမင်းကင်းနွေဦးတော်လှန်ရေးက ထပ်မံအသိပေးသည်။

သတင်း

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

သတင်း

KNLAတပ်ဖွဲ့ တစ်ဖက်ကမ်းကို မကူးနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကူးတို့ဆိပ်တွေမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လ(၁၁)ရက်နေ့စတင်ကာ ကူးတို့ဆိပ်တွေအားလုံးကို စစ်ကောင်စီက ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။