Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာနှင့် ​ရွှေ​ဈေး စံချိန်တင်တက်

“မနက်က ၂၅၅၀ကျပ်နဲ့ အတင်းလာဝယ်တယ်။ အဲ့တာကိုမရောင်းချင်သေးလို့ မရောင်းလိုက်တာ ။ ညနေပိုင်းမှာ ဒေါ်လာက ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်သွားတယ်”ဟု ဒေါ်လာရောင်းချရန် စီစဉ်ခဲ့သူတစ်ဦးကပြောသည်။

ဒေါ်လာနှင့် ​ရွှေ​ဈေး စံချိန်တင်တက်
ဒေါ်လာနှင့် ​ရွှေ​ဈေး စံချိန်တင်တက်

●​ဒေါ်လာ​ဈေး ၂၆၀၀ ဖြင့်​ဈေးပိတ်​သော်လည်း​ဈေးကွက်တွင် ၂၈၀၀ ကျပ်အထိ​ပေး၍ဝယ်ယူမှုရှိပြီး ကြိုက်​ရောင်းကြိုက်ဝယ်​ဈေးကွက်ဖြစ်​နေ

ပြည်တွင်ရွှေဈေးနှင့် ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာပြီး တစ်ဒေါ်လာကို ၂၆၀၀ကျပ်နှင့် ရွှေတစ်ကျပ်သားကို ၂၃သိန်းကျော်အထိမြင့်တက်လာကြောင်းဈေးကွက်အတွင်းမှသိရသည်။

နိုင်ငံတစ်ဝန်းမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးအရှိန်မြင့်တင်မည်ဟု သတိပေးချက်ထုတ်ပြန်ပြီးနောက်ဇူလှိုင် ၂၆ ရက်တွင် ရွှေဈေးနှင့် ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာခြင်းလာသည်ဟု လုပ်ငန်းရှင်များက​ပြောသည်။

မနက်ပိုင်းအဖွင့်​ဈေူ အများဆုံးပေါက်ဈေးမှာ တစ်ဒေါ်လာကို ၂၄၈၀ကျပ်ဖြစ်ပြီး ညနေပိုင်းတွင် ၂၆oo ကျပ် အထိမြင့်တက်လာသည်ဟုဆိုသည်။

“မနက်က ၂၅၅၀ကျပ်နဲ့ အတင်းလာဝယ်တယ်။ အဲ့တာကိုမရောင်းချင်သေးလို့ မရောင်းလိုက်တာ ။ ညနေပိုင်းမှာ ဒေါ်လာက ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်သွားတယ်”ဟု ဒေါ်လာရောင်းချရန် စီစဉ်ခဲ့သူတစ်ဦးကပြောသည်။

ကြိုက်​ရောင်းကြိုက်ဝယ်​ဈေးကွက်တွင်ဇူလိုင် ၂၆ရက်၌တစ်​ဒေါ်လာလျှင် ၂၈၀၀ ကျပ်​ပေး၍ ရသမျှဝယ်ယူသွားသူရှိ​ကြောင်းလည်း ​ဈေးကွက်အတွင်းမှသိရသည်။

အလားတူ​ရွှေ​ဈေးကွက်တွင်လည်း စစ်ကောင်စီလက်​အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားကို ၂,၀၆၀,၀၀၀ကျပ်ဈေးဖွင့်ထားသော်လည်း ပြင်ပဈေးကွက်တွင် ၂၃ သိန်း အထက်​​ဈေးရှိနေသည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေး ဦးကို သေဒဏ်ပေးပြီးနောက် ဈေးကွက်အတွင်း ရွှေနှင့် ဒေါ်လာဝယ်ယူသူအလွန်များလာပြီးလုယက်ဝယ်ယူလာကြသည်ဟု လုပ်ငန်းရှင်တစ်ဦးက​ပြောသည်။ နိုင်ငံအတွင်းတိုက်ပွဲများပိုမိုပြင်းထန်လာ​တော့မည်ဟုတွက်ဆကာ ကျပ်​ငွေအစား​ရွှေနှင့် ​ဒေါ်လာကိုင်ထားရန် ဝယ်ယူ​နေကြခြင်းဖြစ်သည်။

“ကျပ်ငွေတန်ဖိုးက တဖြေးဖြေးကျလာတော့ ရွှေနဲ့ ဒေါ်လာဝယ်တဲ့သူပိုများတာ။ နောက်ပိုင်း တစ်ဒေါ်လာကို ကျပ် ၃၀၀၀အထိကို ရက်ပိုင်းအတွင်းဖြစ်သွားနိုင်တယ်”ဟု အခြားရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီအာဏာသိမ်းပြီး​နောက် စစ်​ကောင်စီ​နှသ့်ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းသဖြင့် ဘဏ်မှ​ငွေများထုတ်ပြီး ​ရွှေ၊ဒေါ်လာနှင့်​မြေများဝယ်ယူမှုများခဲ့ရာ ၂၀၂၁ စက်တင်ဘာလက ၁ ​ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ့စံချိန်တင်​ဈေးတက်ခဲ့ဖူးသည်။ ယခုအခါ စစ်​ကောင်စီက ၁ ​ဒေါ်လာလျှင် ၁၈၅၀ သတ်မှတ်ထား​သော်လည်း ယခင်စံချိန်တင်ဈေး​နှုန်းအထိ​ရောက်လာပြီဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

သတင်း

LOTTE ဟိုတယ်နှင့် ဟိုတယ်ဝန်ဆောင်မှုတိုက်ခန်းများကို မြန်မာစစ်တပ်​၏ စစ်ထောက်ချုပ်ရုံးက ဘီအိုတီ (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း) သဘောတူညီမှုဖြင့် ငှားရမ်းထားသော မြေနေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

သတင်း

အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် အမေရိကန်တစ်ဒေါ်လာကို ၁၃၂၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင်နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၈၉ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အခက်အခဲတွေ့စေမှာသေချာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။