Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု DPNS ကြေညာ

စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။

DPNS
DPNS

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။

“မိမိတို့အင်အားစုများအနေဖြင့် တရားမဝင် အာဏာ သိမ်းထားသည့် စစ်ကောင်စီကို အသိအမှတ်မပြုရုံမက ၎င်းတို့ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းက ကမကထပြု၍ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ်ပြုမည်မဟုတ်ချေ”ဟု DPNS က ထုတ်ပြန်သည်။

၂၀၀၈ အခြေခံဥပဒေအပြီးအပိုင်ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင် ဖျက်ဆီးရန်၊ အင်အားစုအသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ အင်အားစုအသီးသီးကြား သွေးစည်းညီညွတ်ရေး လျော့လျဲသွားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကို စီစဉ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ယနေ့ စစ်ကောင်စီရင်ဆိုင်နေရသည့် အကြပ်အတည်းပေါင်းစုံမှ ရုန်းထွက်ရန် ၂၀၂၃ တွင် ရွေးကောက်ပွဲကို ရည်ရွယ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ရှင်းလင်းပြတ်သားစွာ သုံးသပ်ရှုမြင်သည်။

အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့် လူမျိုးစုံလူထုကြီးကို လှည့်စား၍ ဖိနှိပ်ချေမှုန်းရန် ကြံစည်နေမှုများအား ဘက်ပေါင်းစုံမှ ဖွင့်ချဖော်ထုတ်မည်ဟု DPNS က ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။

သတင်း

“ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်​ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။

သတင်း

ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။