Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ်တွင် PDF နှစ်ဖွဲ့က အာဇာနည်​နေ့အခမ်းအနားများကျင်းပ

ကျဆုံးသွားသော အာဇာနည်ကိုးဦးသာမကခေတ်အဆက်ဆက် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း အားလုံးကို အလေးနီပြုအပ်ကြောင်း၊ အာဇာနည်တို့ထုံး နှလုံးမူ၍ မပြီးပြတ်သေးသောပြည်သူ့တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲကြရန် ဝက်လက်PDFကတိုက်တွန်းခဲ့သည်။

(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)
(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် Tiger King ပြောက်ကျားတပ်ဖွဲ့ နှင့် ဝက်လက် PDF တို့က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားအား ဝက်လက်နယ်တစ်နေရာစီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီး Tiger King ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်နှင့် တပ်ရင်းမှုးတို့ကလည်း ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့သည်။

(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)
(ဝက်လက် PDF နှင့် Tiger King ​ပြောက်ကျားတပ်ဖွဲ့တို့ကအာဇာနည်​နေ့အခမ်းအနားကျင်းပနေစဥ်။ ဓါတ်ပုံ-Tiger King ၊ဝက်လက် PDF)

အဆိုပါမိန့်ခွန်းတွင် “ကျွန်တော်တို့မှာ တကယ်တမ်း အာဇာနည်ဟာ ၉ ဦးမကတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်နိုင်ရန် ကြိုးပမ်းရင်း ကျဆုံးခဲ့ကြရသော အာဇာနည် သူရဲကောင်းအပေါင်းအား အစဥ်အမြဲ အလေးနီပြု ဦးညွှတ်လျက် ဒီတော်လှန်ရေးကြီးတွင် အဆုံးတိုင် မဆုတ်မနစ်သော ဇွဲဖြင့် တော်လှန်သွားပါမည်ဟု အဖွဲ့သားများက ကတိသစ္စာပြုအပ်ပါသည်။”ဟု Tiger King ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလားတူဝက်လက်မြို့နယ် PDF တပ်ရင်း(၂)က ဦးဆောင်ကျင်းပသော ၇၅ကြိမ်မြောက် အာဇာနည်နေ့အောက်မေ့ဖွယ် အခမ်းအနားအား ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၁)၊ ဝက်လက်မြို့နယ် ကျေးရွာ ပ.က.ဖ များ၊ဝက်လက်မြို့နယ် ပ.က.ဖ တာဝန်ခံ၊ဝက်လက်မြို့နယ် ပ.လ.ဖ တာဝန်ခံ၊ဝက်လက်မြို့နယ် ပ.အ.ဖ တာဝန်ခံ၊ ဝက်လက်မြို့နယ် ပညာရေးတာဝန်ခံ နှင့် ဝက်လက်မြို့နယ် တိုက်နယ် ပ.က.ဖ တာဝန်ခံများ တက်ရောက်အလေးပြုခဲ့ကြသည်။

ကျဆုံးသွားသော အာဇာနည်ကိုးဦးသာမကခေတ်အဆက်ဆက် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း အားလုံးကို အလေးနီပြုအပ်ကြောင်း၊ အာဇာနည်တို့ထုံး နှလုံးမူ၍ မပြီးပြတ်သေးသောပြည်သူ့တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲကြရန် ဝက်လက်PDFကတိုက်တွန်းခဲ့သည်။

ယနေ့ ၇၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့်အဖွဲ့အစည်းအသီးသီးကလည်း ၎င်းတို့နယ်မြေများတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့တွင် ရန်ကုန်မြို့၌ အကြမ်းဖက် စစ်ကောင်စီဝင်များက လှည့်ကင်းကားများ တင်းကြပ်စွာ လှည့်လည်နေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ် ဆန္ဒပြခဲ့ကြသည်။

သတင်း

ဇူလိုင် ၁၉ရက် နံနက် ၁၁နာရီခန့်တွင် ဆင်ချောင်းရွာမှ ရေစကြိုမြို့သို့ထွက် လာသည့် စစ်ကောင်စီ တပ် ကားတစ်စီးကို သက်ရွာအနီး၌ မိုင်း သုံးလုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ပူးပေါင်းအဖွဲ့များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာ ရခဲ့ပကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိမှန်ပြီး ပြည်သူလူထု နေအိများ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရ ဂုဏ်ပြုကြောင်းဖော်ပြသည်။