Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုကို တရားဝင်မှုနှင့် လက်နက်ထောက်ပံ့ခြင်းများ လုံးဝရပ်တန့်အောင် အိန္ဒိယအစိုးရကိုဖိအားပေးရန် အရပ်ဘက်အဖွဲ့ ၂၀၀နီးပါး တိုက်တွန်း

အိန္ဒိယနိုင်ငံအစိုးရသည် ယနေ့အချိန်အထိ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူများနှင့် မရပ်တည်သည့်အပြင် ဖက်ဆစ်စစ်တပ်ကို လက်နက်ထောက်ပံ့ခြင်းများ ၊ နိုင်ငံရေးအရ တရား၀င်မှုပေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်)

အိန္ဒိယအစိုးရက မြန်မာဖက်ဆစ်စစ်အုပ်စုကို နိုင်ငံရေးတရား၀င်မှုပေးခြင်းနှင့် လက်နက်ထောက်ပံ့မှုများ လုံးဝရပ်တန့်အောင် ဖိအားပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၈၃ဖွဲ့က ထုတ်ပြန်တိုက်တွန်းသည်။

အိန္ဒိယနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများသို့ မြန်မာပြည်သူများ၏ အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းတိုက်တွန်းခြင်းဖြစ်ပြီး အိန္ဒိယအစိုးရက မြန်မာဖက်ဆစ်စစ်အုပ်စုကို စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်အောင်ဖိအားပေးရန်လည်း ပါဝင်သည်။

အိန္ဒိယပြည်သူများအနေဖြင့် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူနှင့်အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသရန်၊ မြန်မာဖက်ဆစ်စစ်အုပ်စုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား လူသားချင်း စာနာမှုဖြင့် ဝိုင်းဝန်းကူညီရန်နှင့် ၎င်းတို့ကို အိန္ဒိယအစိုးရမှ လူသားချင်းစာနာမှုအကူအညီပေးအောင် တိုက်တွန်းရန် အချက်များကိုလည်း ထည့်သွင်းတောင်းဆိုသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ယနေ့အချိန်အထိ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူများနှင့် မရပ်တည်သည့်အပြင် ဖက်ဆစ်စစ်တပ်ကို လက်နက်ထောက်ပံ့ခြင်းများ ၊ နိုင်ငံရေးအရ တရား၀င်မှုပေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

မြန်မာစစ်တပ်သည် အာဏာသိမ်းပြီး တစ်နှစ်ကျော် ကြာကာလအတွင်း စက်ဆုတ်ရွံ့ရှာဖွယ် မုဒိန်းမှုကို လက်နက်သဖွယ်အသုံးပြုခြင်း အပါအဝင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းမျိုးစုံ အသုံးပြု၍ ဒီမိုကရေစီ လိုလားသော ပြည်သူများအပေါ် ထိန်းချုပ်အုပ်ချုပ်နိုင်ရန် ကြိုးစားလာခဲ့သော်လည်း ‘လုံးဝအုပ်ချုပ်ခွင့်မရ’ ပေ။

ထို့အပြင် ပြည်သူများက စည်းလုံးညီညာစွာဖြင့် မိမိကိုယ်ပိုင် ယှဉ်ပြိုင်အစိုးရ အောင်မြင်စွာ တည်ဆောက်လာခြင်းကြောင့် စစ်တပ်သည် တရားဝင်မှုကင်းမဲ့သည့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစ၍ ဖိလစ်ပိုင်အစိုးရသည် မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသား ၇၀၁ဦးကို ပြောင်းရွှေ့စေခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့ နိုင်ငံသား ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

သတင်း

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြစ်ဒဏ်စီရင်ခြင်းသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ဥပဒေမဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း DPNS က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။

သတင်း

တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။

သတင်း

ဒီနေ့မှာဆိုရင်လည်း စစ်အုပ်စုဟာ မနက်အစောပိုင်းကစတင်ပြီး စစ်ဆေးနေပါတယ်။ ဒီနေ့မှာတော့ တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာကိုတွေ့ရတယ်လို့ဒေသခံအချို့ကဆိုပါတယ်။