Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချက်နိုင်ငံရောက်မြန်မာများ ကျဆုံးသူရဲကောင်းများအတွက် ဆုတောင်းပွဲပြုလုပ်

အဆိုပါ ဆုတောင်းဂုဏ်ပြု​ခြင်းကို ချက်သမ္မတ နိုင်ငံရောက် မြန်မာများနှင့်အတူ မြန်မာ့အရေး အစဥ်တစိုက် ရေးသားဖော်ပြနေသည့် အီဂေါဗလာဇီဗစ်၊ ချက်၊ အမေရိကန်၊ ယူကရိန်း၊ အီကွေဒေါ စသည့် နိုင်ငံတကာမှ ဒီမိုကရေစီအရေး လိုလားသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဓာတ်ပုံ - Igor Blazevic and Linn Thant/Facebook
ဓာတ်ပုံ - Igor Blazevic and Linn Thant/Facebook

ချက်သမ္မတနိုင်ငံ ပရာဟာမြို့ Václavské náměstí (Wenceslas Square )တွင် ယနေ့ (သြဂုတ် ၃) တွင် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ကြိုးပေး စီရင်ခံခဲ့ရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ အာဇာနည် လေးဦးအတွက် ယင်းနိုင်ငံရောက် မြန်မာများက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆုတောင်းဂုဏ်ပြု​ခြင်းကို ချက်သမ္မတ နိုင်ငံရောက် မြန်မာများနှင့်အတူ မြန်မာ့အရေး အစဥ်တစိုက် ရေးသားဖော်ပြနေသည့် အီဂေါဗလာဇီဗစ်၊ ချက်၊ အမေရိကန်၊ ယူကရိန်း၊ အီကွေဒေါ စသည့် နိုင်ငံတကာမှ ဒီမိုကရေစီအရေး လိုလားသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဓာတ်ပုံ - Igor Blazevic and Linn Thant/Facebook
ဓာတ်ပုံ – Igor Blazevic and Linn Thant/Facebook

ကျဆုံးသွားသည့် ခေတ်အဆက်ဆက် အာဇာနည်များ၏ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တို့အတွက် ပေးဆပ်မှုအားလုံးကို လေးစားတန်ဘိုးထားသည့်အနေဖြင့် ဦးညွှတ် ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ချက်ကိုဆလိုဗက်ကီးယား လွတ်မြောက်ရေး အတွက် အသက်ပေးခဲ့သည့် ဂျန်ပလာနှင့် ဂျန်ဇဂျစ် အမှတ်တရနေရာတွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့၏ ဓါတ်ပုံများကို ထားပြီး ဖယောင်းတိုင်မီးထွန်းညှိကာ ဆုတောင်းခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြသည်။

” ဒီနေ့မှာ ခင်မင်ရတဲ့ သူရဲကောင်းမိတ်ဆွေတွေကို လေးစားဦးညွှတ် အလေးပြုခဲ့ပါတယ်။ ဘဝတစ်လျောက်လုံး လွတ်လပ်မှု ရပိုင်ခွင့် တရားမျှတမှုနဲ့ ဒီမိုကရေစီရေးအတွက် ရဲရင့်မြဲမြံစွာ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့ သူတို့တွေကို အထူးလေးစားမိပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်သည်အထိ ဆက်လက်ချီတက်သွားဖို့လည်း သံဓိဌာန်ပြုခဲ့ပါတယ် ” ဟု အီဂေါက လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါဖြစ်စဉ်ကို ကြိုတင်ဆန်းစစ်ချက်အရ ဗုံးပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ပေါက်ကွဲခြင်းမဟုတ်ကြောင်း ထိုင်းကုမ္ပဏီက ဗုံး​ပေါက်ကွဲသည်ဆို​သောသတင်းများအ​ပေါ်ငြင်းဆိုသည်။

သတင်း

ကျဆုံးကာကွယ်ရေးခေါင်းဆောင်သည် ထိုကလေးငယ်ကို ဆေးကုသရန် ကားဖြင့်ကယ်ထုတ် လာစဥ် ရွာအနီးအနားတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန် ကျဆုံးခဲ့သွားခဲ့ခြင်း ဖြစ်သည်။

သတင်း

ရဲဘော် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံရပြီး လက်ပစ်ဗုံး များပင်သုံး၍ တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု မြိုင်(ပကဖ)က အသိပေးသည်။

သတင်း

“ဒီသူရဲကောင်းရဲဘော် ၇ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ Chin Defence Force - Kanpetlet က"ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်” ဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။