Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံကို စစ်ကောင်စီမလေးစားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးထုတ်ပြော

အာဆီယံအနေနဲ့တော့ မြန်မာ့အရေးအတွက် နှောင့်နှေးနေမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

(Photos by Basil Kwok/MFA)
(Photos by Basil Kwok/MFA)

အတိုက်အခံတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်တဲ့စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဆီယံကို မလေးစားကြောင်းရှင်းရှင်းလင်းလင်းပြသနေတာလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောလိုက်ပါတယ်။

ဒီနေ့ကမ္ဘောဒီးယားနိုင်ငံ ၊ဖနွမ်းပင်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကိုကျင်းပခဲ့ပြီး မြန်မာ့နိုင်ငံရဲ့အခြေအနေကိုထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုစစ်ကောင်စီက ဖော်ဆောင်ဖို့ပျက်ကွက်တာ ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့သေဒဏ်စီရင်မှုတွေဟာ အာဆီယံက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို နောက်ပြန်ဆုတ်သွားစေကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။

(Photos by Basil Kwok/MFA)
(Photos by Basil Kwok/MFA)

ဒီလိုကွပ်မျက်မှုဟာ အာဆီယံအပေါ် စစ်ကောင်စီက မလေးစားကြောင်း ထင်ဟပ်စေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးမှာဆွေးနွေးခဲ့ပါတယ်။

အာဆီယံအနေနဲ့တော့ မြန်မာ့အရေးအတွက် နှောင့်နှေးနေမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

ကုလသမဂ္ဂရေးရာကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC- M)က စစ်ကောင်စီကို သံတမန်နည်းလမ်းနဲ့ ဆက်ဆံလိုမရသလို အာဆီယံနဲ့ ကုလသမဂ္ဂဟာလည်း မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ပွင့်ပွင့်လင်းလင်းဝေဖန်ထားပါတယ်။

စစ်ကောင်စီကို ထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေလုပ်သင့်တယ်လို့တိုက်တွန်းထားကြပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့အတွက်ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက မလိုက်နာတဲ့အတွက် နည်းလမ်းသစ်ကိုလည်းစဉ်းစားသင့်ကြောင်း SAC-M အကြံပြုထားပါသေးတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် တတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းနေ ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက အသိပေးထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီထံသို့ ရုရှားနိုင်ငံခြားဝန်ကြီးက ဩဂုတ် ၃ ရက်က လာရောက်တွေ့ဆုံပြီးနောက် ဈေးကွက်အတွင်း ရွှေဈေးနှင့်ဒေါ်လာ​ဈေးမှာမြှင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားကလေးငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

သတင်း

ကာကွယ်ရေးတပ်များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရှိကြောင်း ဖော်ပြသည်။