Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ

ဇူလိုင် တတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းနေ ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက အသိပေးထားသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိသည်ဟုလည်း အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးကြရန် MBPDF က တိုက်တွန်းသည်။

“ပြီးခဲ့တဲ့ နာရီဝက်( ည ၉နာရီခွဲခန့်)က လက်နက်ကြီးသံတွေကြားတယ်။အခုတော့ ငြိမ်နေ တယ်”ဟု မိုးဗြဲမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

ဇူလိုင် တတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းနေ ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက အသိပေးထားသည်။

စစ်ကောင်စီတပ်က ဝါရီဆူးပလိုင်၊ နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စနစ်တကျ အထိုင်ချနိုင်ရန် စစ်ထိုးနေခြင်းဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဆီယံအနေနဲ့တော့ မြန်မာ့အရေးအတွက် နှောင့်နှေးနေမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားကလေးငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

သတင်း

ကာကွယ်ရေးတပ်များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရှိကြောင်း ဖော်ပြသည်။

သတင်း

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။