Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရုရှားနိုင်ငံခြားရေးဝန်ကြီးလာ​သော​နေ့တွင် ရွှေ​ဈေး ၂၄သိန်းခန့်​အထိတက်လာပြီးဒေါ်လာဝယ်မရ​တော့

အကြမ်းဖက်စစ်ကောင်စီထံသို့ ရုရှားနိုင်ငံခြားဝန်ကြီးက ဩဂုတ် ၃ ရက်က လာရောက်တွေ့ဆုံပြီးနောက် ဈေးကွက်အတွင်း ရွှေဈေးနှင့်ဒေါ်လာ​ဈေးမှာမြှင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

(တစ်ကျပ်သားလျှင် ၂၄ သိန်းခန့်အထိ့တက်လာ​သော အကယ်ဒမီ​ရွှေ)
(တစ်ကျပ်သားလျှင် ၂၄ သိန်းခန့်အထိ့တက်လာ​သော အကယ်ဒမီ​ရွှေ)

●ရုရှားဝန်ကြီးမလာခင်ရက်က စစ်​ကောင်စီနှင့်ပတ်သပ်​သောလုပ်ငန်းရှင်များ​ကဒေါ်လာကိုလိုက်ဝယ်ခဲ့ဟု​လုပ်ငန်းရှင်အချို့​ပြော

မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးလာသည့်​နေ့တွင်ပြည်တွင်းရွှေဈေးတစ်ကျပ်သားကျပ် ၂၄သိန်းခန့်အထိတက်လာ​ကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီထံသို့ ရုရှားနိုင်ငံခြားဝန်ကြီးက ဩဂုတ် ၃ ရက်က လာရောက်တွေ့ဆုံပြီးနောက် ဈေးကွက်အတွင်း ရွှေဈေးနှင့်ဒေါ်လာ​ဈေးမှာမြှင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ရုရှားနိုင်ငံခြား​ရေးဝန်ကြီး​မလာခင် ဩဂုတ် ၂ရက်ကတည်းပင် စစ်​ကောင်စီနှင့်ပတ်သတ်သည့်​ငွေလဲလုပ်ငန်းရှင်းများက ​ငွေလဲ​ကောင်တာမှတစ်ဆင့် ​​ဒေါ်လာများကို ​ဈေးအမြင့်ဖြင့်လိုက်လံဝယ်ယူခဲ့သည်ဟု ​ငွေလဲ​ကောင်တာပိုင်ရှင်အချို့က​ပြောသည်။ယ​နေ့တွင်လည်း ​ဒေါ်လာများကို ကြိုက်​ကြေး​ပေးဝယ်​နေသည်။

“အခုကဈေးတွေမငြိမ်ဘူး။ ကျွန်မတို့ဆိုင်မှာ ၁၀၀တန်တစ်ရွက်ပဲ လာရောင်းကြတယ်။ ကျွန်မတို့လည်း ပြင်ပဈေးကွက် လိုက်ဝယ်နေတာ ဝယ်လို့မရဘူးဖူးဖြစ်နေတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ဈေးကွက်ထဲတွင် ပမာဏာအနည်းငယ်ဖြင့်​ရောင်းဝယ်ပါကတစ်ဒေါ်လာ ကျပ် ၂၆၀၀ပေးဝယ်သော်လည်း ရောင်းမည့်သူမရှိကြောင်း ၎င်းကဆက်​ပြောသည်။ တဒေါ်လာကို ကျပ် ၂၆၄၀အထိပေးလျှင် ဒေါ်လာ ၁၀၀ တန် တစ်ရွက်၊ နှစ်ခန့်သာ ဝယ်ယူ၍ ရနိုင်သေးသည်ဟု ၎င်းကဆက်​ပြောသည်။ ​ပြင်ပ​ဈေးကွက်တွင် ​ဒေါ်လာကိုပမာဏာများစွာဝယ်ယူလိုပါက (၃၀၀၀)ကျပ်ဝန်းကျင်​အထိ့​ဈေး​ပေါက်​နေ​ကြောင်းသိရသည်။

​ရွှေ​ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၃၉၀,၀၀၀ အထိမြင့်တက်လာသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။ သို့သော်လည်း စစ်ကောင်စီလက်​အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၀၆၀,၀၀၀သာ ဈေးဖွင့်ထားသည်။

“အခုကုန်သည်တွေလည်း ဝယ်ရမလား၊ရောင်းရမလား တော်တော်အကျပ်ရိုက်နေတယ်။ မကြာခင်လဲ ရွှေတစ်ကျပ်သား ၂၅သိန်းအထိ ရောက်လာတော့မယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီလက်ပါးစေများက ရွှေနှင့် ဒေါ်လာ ဝယ်ရောင်းလုပ်သူများကို လိုက်လံဖမ်းဆီးနေ၍ ပြင်ပဈေးကွက်တွင်လည်း အရောင်းရပ်တန့်လုနီးပါးရှိနေသည်ဟုလုပ်ငန်းရှင်အချို့ကပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ဘဏ်များအပေါ် ယုံကြည်မှုနည်းသဖြင့် ဘဏ်မှငွေများထုတ်ပြီး ရွှေ၊ဒေါ်လာနှင့်မြေများဝယ်ယူမှုများခဲ့ရာ ၂၀၂၁စက်တင်ဘာလက ၁ ဒေါ်လာလျှင် ၂၇၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၂၂သိန်းကျော် အများဆုံးဈေးတက်ခဲ့ဖူးသည်။ ၂၀၂၂ ဇလိုင် လကုန်ပိုင်းတွင် ပြင်ပ​ဈေးကွက်၌ ၁ ​ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ့စံချိန်တင်​ဈေးတက်ခဲ့ပြီး ထို​နောက်​ဈေးပြန်ကျရာမှ သြဂုတ် ၃ ရက်တွင် ၂၆၀၀ သို့ပြန်တက်လာသည်။

ယခုအခါ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ၁၈၅၀ သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ထိုဈေးနှုန်းဖြင့်ပြင်ပ​ဈေးကွက်တွင်​ရောင်းဝယ်မရကြောင်း ငွေလဲလုပ်ငန်းရှင်များကဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဆီယံအနေနဲ့တော့ မြန်မာ့အရေးအတွက် နှောင့်နှေးနေမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်များ/အတည်ပြုမိန့်များထုတ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု NUGကဆိုထားသည်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်း၌ "အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်" ခေါင်းစဥ်ဖြင့်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အပြီးတွင်ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင်ဆန္ဒပြလူငယ် သုံးဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သတင်း

စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင် လုပ်ပေးနေကြတာမျိုး ဒါမှမဟုတ် ထိရောက် မှု မရှိတဲ့ ၀မ်းနည်းကြောင်း ကြေညာချက်တွေသာ ထုတ်ပြန်နေမယ့်အစား ကျွန်မတို့နဲ့ စပြီး စကားပြော ကြပါ။ ဒီလိုလုပ်နေကြတာတွေကကျွန်မတို့ကို ကူညီရာမရောက်ပဲ သေခြင်းနဲ့ ပျက်စီးဆုံးရှံး ရခြင်းတွေဆီကိုသာ နေ့စဉ်တွန်းပို့နေသလိုသာဖြစ်ပါတယ်။