Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ကိုယ်စားလှယ်ရုံး ဩစတြေးလျ တရားဝင်ဖွင့်လှစ်

အခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများ၊ နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီး၊ ဩစတြေးလျ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြသည်။

NUG ကိုယ်စားလှယ်ရုံး ဩစတြေးလျ တရားဝင်ဖွင့်လှစ်
NUG ကိုယ်စားလှယ်ရုံး ဩစတြေးလျ တရားဝင်ဖွင့်လှစ်

▪️NUGကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း The Australian Greens ပါတီကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ​၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ရုံးခန်းတည်ရှိရာ မြို့တော်ကင်ဘာရာ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများ၊ နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီး၊ ဩစတြေးလျ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းခဲ့ကြောင်း ဩစတြေးလျကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တရားရေးဝန်ကြီး ဦးသိန်းဦးတို့၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး လူ့အခွင့်အရေး ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ ဩစတြေးလျလွှတ်တော်အမတ်များ၊ CRPH/NUG Support Group (Australia)၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute)၊ အကယ်ဒမီ မင်းမော်ကွန်းတို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဟု NUG က မှတ်ယူကြောင်း ဖော်ပြသည်။

သတင်း

နွေဦးတော်လှန်ရေးအင်အားစုများအတွက် အချိန်အကန့်အသတ်ရှိနေကြောင်း၊ ထို့ကြောင့် ဆွေးနွေး တိုင်ပင်မှုများကို ဆွေးနွေးသည့် အဆင့်၌ ရပ်မနေဘဲ အကောင်အထည်ဖော်နိုင်ရေး သေချာစွာ စီစဉ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

သတင်း

ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ဂျပန်ရောက်မြန်မာပြည်သူများကလည်း NUG Japan Office ​၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

သတင်း

ထို့အပြင် အမေရိကန်အနေဖြင့် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။