Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ရေးတင်းမာနေဆဲဟု ဒေသခံပြော

စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ(လီဆူ) ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ရက်ကစပြီး KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ် အတွင်း ရှိ ဒေသများသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Sebastian Strangio)
( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Sebastian Strangio)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးလက်ရှိတွင်လည်းစစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဒေသခံအချို့ကပြောသည်။

ယမန်နေ့ ဩဂုတ် ၄ရက် ညပိုင်းက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ(၃၂၁) တပ်ကို KIAနှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပြည်သူ့စစ်များကို သင်တန်းပေးရန်စီစဉ်နေသည့်အပေါ် တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသတွင်း သတင်းဌာန Kachinwaves က ဖော်ပြသည်။

ကချင်ဒေသခံတစ်ဦးကလည်းခလရ(၃၂၁)တပ်ရင်း၌ပစ်ခတ်သည့် သတင်းကို မကြားရသေးသော်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်များ ပူးပေါင်းစစ်ရေးလှုပ်ရှားနေ၍ ဝိုင်းမော်၌ တိုက်ပွဲ ဆက်တိုက်ဖြစ်နေသည်ဟုပြောသည်။

“အခုက အဲဒီ ပတ်ဝန်းကျင်က တောက်လျှောက်ဖြစ်နေတာပေါ့။ ဦးရွှေမင်းရဲ့ဒူးလေးပြည်သူ့စစ်တွေနဲ့တပ်နဲ့ ပေါင်းပြီး လှုပ်ရှားတာပေါ့” ဟု ကချင်ဒေသခံကပြောသည်။

ဝိုင်းမော်မြို့နယ်ဒေသခံတစ်ဦးကလည်း “လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်တော့ ဆဒုံးလမ်းတကြော ဘက်မှာတော့ ဖြစ်ခဲ့တာရှိတယ်။ အဲဒီဘက်မှာ လီဆူပြည်သူ့စစ်တွေရှိတယ်။ အဲဒီ ဆဒုံးလမ်းမှာရှိတဲ့ လီဆူပြည်သူ့စစ်ရဲ့ စခန်းတွေကို ဟိုဘက်က KIAတွေက လာတိုက်တာပေါ့။ လာတိုက်ပြီးတော့ အဲဒီ ရေတံခွန်ကနေ အောက်ဘက် ဝိုင်းမော် စုပေါင်းဂိတ် မရောက်ခင်အထိတော့ KIA တွေ တလျှောက်လုံးလောက် နေရာယူထားတယ်လို့ ပြောကြတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ(လီဆူ) ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ရက်ကစပြီး KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ် အတွင်း ရှိ ဒေသများသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“စကစ တဲတစ်ခုကို ငါတို့ ပစ်တယ်။ အထဲက တပ်စိပ်ထဲက ခြောက်ဦးတော့ ကြွတယ်။ ဒဏ်ရာရရှိတာတော့ မသိပါ။ ဟားခါးမြို့ ထဲ ဂိတ်ကို ပစ်တာ စကစ ဗိုလ်အဆင့် တစ်နဲ့ ငယ်သား တစ်ကျတယ်”ဟု ဆလိုင်းထက်နီက လတ်တလော တိုက်ပွဲအခြေအနေကို ပြောပြသည်။

သတင်း

ခြင်္သေ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဥကရစစ်ထစခန်းတိုက်ပွဲအတွင်း ခြင်္သေ့စစ်ကြောင်းဘက်က ရဲဘော်နှစ်ဦးဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ ခြင်္သေ့စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။

သတင်း

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။