Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူ့ဘက်မှ အသွင်ယူ လှုပ်ရှားမှုရှိမရှိ သိရှိနိုင်ရေး KNU သထုံခရိုင်ရှိ တော်လှန်ရေးအင်အားစုများ မှတ်ပုံတင်ရမည်ဟုမိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီထုတ်ပြန်

တော်လှန်ရေးအင်အားစုများ အချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်စွာဖြင့် အာဏာရှင်စနစ်အား အမြတ်ပြတ်ချေမှုန်းနိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)
(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် ဩဂုတ် ၁၀ရက် နောက်ဆုံးထား၍ မှတ်ပုံတင်​ပေးရန် KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက ယနေ့ထုတ်ပြန်သည်။

ယခုကဲ့သို့မှတ်ပုံတင်ခြင်းကိစ္စဆောင်ရွက်ရခြင်းမှာနယ်မြေအတွင်းရှိ အစုအဖွဲ့များ၏ အင်အားကို သိရှိရန်၊ နယ်မြေအတွင်း ရန်သူ့ဘက်မှ အသွင်ယူ လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ သိရှိရန်နှင့် နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများအား စနစ်တကျ ကွပ်ကဲနိုင်ရန်အတွက်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ အချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်စွာဖြင့် အာဏာရှင်စနစ်အား အမြတ်ပြတ်ချေမှုန်းနိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)
(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)

အဆိုပါ အသိပေးချက်ကို KNU သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ အတွင်းရှိ တော်လှန်ရေး အဖွဲ့များ သိရှိလိုက်နာ ဆောင်ရွက်ရန် ၊ သတ်မှတ်ရက်ကျော်လွန်သည်နှင့် မှတ်ပုံတင်ခြင်းကိစ္စရပ်အား ရပ်နားမည်ဖြစ်ကြောင်း အသိပေးထားသည်။

KNU သထုံခရိုင်တွင် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ) ပေါင် စသည့် ဒေသများပါဝင်သည်။

ယခုကဲ့သို့ မှတ်ပုံတင်ခြင်း ကိစ္စရပ် ဆောင်ရွက်ရန် ကြေညာချက်အပေါ် မေးမြန်းရန် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ အဆိုပါ ကော်မတီကို KNU တပ်မဟာ(၁)က ဦးဆောင်ပြီး ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ စုပေါင်းကာ သထုံခရိုင် အတွင်း စစ်ဖက်ရေးရာကိစ္စရပ်များအတွက် သီးခြားဖွဲ့စည်းထားခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သြဂုတ်လ၃ရက်နေ့ည၉နာရီခွဲခန့်ကရွှေဘို-မန္တလေးလမ်းမပေါ်၊ စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ကြားနှင့် သစ်ချိုကုန်းရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုဘက်ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကားကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

သတင်း

“ စစ်ကောင်စီလည်း အခုပြည်သူလူထုက လက်မခံဘူး။ လက်မခံတော့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ လာရောက်ဖွဲ့စည်းရင် ကျွန်တော်တို့ဘက်က ခွင့်မပြုဘူးပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီသည် ချင်းတွင်းနှင့်ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်နေသည်။ မြစ်ကြောင်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီရေကြောင်းကို ကြားဖြတ်တိုက်ခိုက်နေကြသည်။

သတင်း

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။