Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-မန္တလေးလမ်းပေါ်တွင် မိုင်းမတော်တဆမှုကြောင့် တော်လှန်ရေးရဲဘော်၅ဦး ကျဆုံး

သြဂုတ်လ၃ရက်နေ့ည၉နာရီခွဲခန့်ကရွှေဘို-မန္တလေးလမ်းမပေါ်၊ စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ကြားနှင့် သစ်ချိုကုန်းရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုဘက်ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကားကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဝက်လက်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-CJ)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဝက်လက်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် တော်လှန်ရေးရဲဘော်၅ဦး မိုင်းမတော်တဆမှုကြောင့် အသက်ဆုံးရှူံးခဲ့ရကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ်၄)မွန်းလွဲပိုင်းက ရွှေဘို-မန္တလေးလမ်းပေါ်၊ဝက်လက်မြို့နယ်၊ ဧကုန်းကျေးရွာနှင့်မောက်ကြိုးကျေးရွာကြားတွင် မိုင်းပေါက်ကွဲ၍ PDF တပ်ဖွဲ့ဝင်၅ ဦးကျဆုံးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကားလမ်းမပေါ်မိုင်းထောင်ရန် မိုင်းအသက်သွင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် အသက် ၁၉နှစ်၊ ၂၈နှစ်၊ ၃၂ နှစ်၊ ၄၅နှစ်၊ ၄၈ နှစ်အရွယ် အမျိုုးသား၅ဦး ကျဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထိုရဲဘော်၅ဦးသည် မည်သည့်အဖွဲ့က ဖြစ်သည်ကို မသိရသေးဘဲ ဒေသတွင်းအဖွဲ့များဘက်လည်း တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးပါ။

သြဂုတ်လ၃ရက်နေ့ည၉နာရီခွဲခန့်ကရွှေဘို-မန္တလေးလမ်းမပေါ်၊ စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ကြားနှင့် သစ်ချိုကုန်းရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုဘက်ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကားကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တော်လှန်ရေးအင်အားစုများ အချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်စွာဖြင့် အာဏာရှင်စနစ်အား အမြတ်ပြတ်ချေမှုန်းနိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

MDY-PDF မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှာ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပြီး ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

သတင်း

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။