close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငွေကြေး ရပိုင်ခွင့် မက်လုံးတွေနဲ့ ထိုင်းပါတီတွေ အပြိုင်မဲဆွယ်နေ

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင် ပြည်သူတွေကို ငွေကြေး ခံစားခွင့်တွေနဲ့ မက်လုံးပေး ဆွဲဆောင်မှုတွေဟာ နိုင်ငံရေး ပါတီတွေကြား အသုံးများတဲ့ နည်းလမ်းတစ်ခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင် ပြည်သူတွေကို ငွေကြေး ခံစားခွင့်တွေနဲ့ မက်လုံးပေး ဆွဲဆောင်မှုတွေဟာ နိုင်ငံရေး ပါတီတွေကြား အသုံးများတဲ့ နည်းလမ်းတစ်ခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ငွေကြေးနဲ့ ဆွဲဆောင်တယ် ဆိုရာမှာ ထောက်ပံ့ငွေ ပေးချေမှုတွေကနေ ကောင်းကျိုးခံစားခွင့် အစီအမံတွေအထိ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေတယ်လို့ Bangkok Postရဲ့ ဆောင်းပါးတစ်ခုထဲမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံရေး သုတေသီတွေကတော့ အဲဒီလို အပြိုင်ကမ်းလှမ်းမှုတွေကို လူကြိုက်များမှုနောက်လိုက်တဲ့ စစ်ပွဲတစ်ခုလို့ သုံးနှုန်းထားပါတယ်။

ထိုင်းရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပြီး ပါတီတွေရဲ့ မဲဆွယ်လှုပ်ရှားမှု အခင်းအကျင်းတွေဟာ လူထုအနေနဲ့ တိုက်ရိုက်ကျတဲ့ ဘဏ္ဍာရေး အကျိုးခံစားခွင့်မျိုး ရရှိစေမယ်ဆိုတဲ့ ကတိတွေဆီ ဦးတည်လာနေတာ ဖြစ်ပါတယ်။ ထောက်ပံ့ငွေ ပေးအပ်မယ့် အစီအစဉ်တွေ၊ ကြွေးမြီ လျှော့ချပေးရေး အစီအမံတွေ၊ ပင်စင်ခံစားခွင့် တိုးပေးမယ်ဆိုတဲ့ ကတိတွေ၊ ကလေး ထောက်ပံ့ကြေး ဆိုတာတွေက မဲဆွယ်မှုတွေမှာ အများဆုံး ကြားရတဲ့ ကမ်းလှမ်းချက်တွေ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး သုတေသီတွေကတော့ အဲဒီမက်လုံးမျိုးတွေဟာ လူထုရဲ့စိတ်ကို ဆွဲဆောင်နိုင်စေတာ မှန်ပေမယ့် အနာဂတ် အစိုးရတွေအတွက် ရေရှည်ကုန်ကျစရိတ်တွေ တိုးလာပြီး ဝန်ထုပ်ဝန်ပိုးတွေ တိုးလာစေနိုင်တယ် ဆိုတာမျိုး သတိပေးထားပါတယ်။ နောက်တစ်ခုက ငွေကြေး ထောက်ပံ့မှုတွေနဲ့ စည်းရုံးတဲ့ အစီအမံတွေဟာ လက်တွေ့ကျတဲ့ ဖြေရှင်းမှုတွေ ဖြစ်မလား၊ ဒါမှမဟုတ် ရေတိုအတွက် မက်လုံးမျိုးပဲလား ဆိုတာမျိုး ဝေဖန် မေးခွန်းထုတ်မှုတွေလည်း ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရဲ့ အင်အားအကြီးဆုံး နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ ဖျူထိုင်း (PTP)ဟာ Half-Half Pro Max အစီအမံကို ကျင့်သုံးနိုင်ဖို့ ကြိုးစားနေတယ်လို့ ကြွေးကြော်ထားပါတယ်။ အဲဒီ အစီအမံရဲ့ ရေရှည် ရည်မှန်းချက်က နိုင်ငံသားတွေရဲ့ နေ့စဉ် အသုံးစရိတ်ထဲက ၇၀ ရာခိုင်နှုန်းကို အစိုးရက ကျခံပေးပြီး ၃၀ ရာခိုင်နှုန်းကိုသာ နိုင်ငံသားတွေက အကုန်ခံဖို့အထိ ဖြစ်ပါတယ်။ နောက်ထပ် အရမ်းလူပြောများနေတဲ့ မူဝါဒ တစ်ခုကတော့ တစ်နေ့ ဘတ် ၉ သန်းဆိုတဲ့ အစီအစဉ်ပါ။ PTPက အစိုးရဖြစ်လာရင် တစ်နေ့ကို ဘတ်ငွေ ၉ သန်းစီ နိုင်ငံသား ၉ ဦးစီ ခွဲဝေပြီး မဲဖောက်ပေးမယ်လို့ မဲဆွယ်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စက လူပြောအများဆုံးနဲ့ အငြင်းပွားစရာ အဖြစ်ဆုံး အရွေ့တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

PTP ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ပရွမ်မင် လတ်ဆူရီဒက်ဂျ်ကတော့ ဘတ် ၉ သန်း နေ့စဉ် မဲဖောက်မယ့် ကိစ္စအပေါ် အများစုက အထင်လွဲနေတာသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ တကယ့် ရည်ရွယ်ချက်က ငွေကြေးတွေကို အလကား ပေးပစ်နေတာမျိုး မဟုတ်ဘဲ တရားဝင်မဟုတ်တဲ့ ငွေကြေးတွေကို အခွန်စနစ်ထဲ ထည့်သွင်းနိုင်အောင် ထိုင်ဝမ်ရဲ့ Uniform Invoice ထီစနစ်ကို မှီငြမ်းထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အခွန်ငွေကြေး ရရှိမှုကို ၁၀ ရာခိုင်နှုန်းလောက် တိုးမြှင့်နိုင်ရုံနဲ့တင် အစိုးရဟာ ဘတ် ၁၀၀ ဘီလီယံလောက် နှစ်စဉ် ဝင်ငွေတိုးမယ်လို့ ပရွမ်မင်က ဆိုပါတယ်။ အဲဒီအခါ နေ့စဉ် ဘတ် ၉ သန်း ဝေငှပေးမှုရဲ့ တစ်နှစ် ကုန်ကျစရိတ်ဖြစ်တဲ့ ဘတ် ၃.၂၉ ဘီလီယံကို အသာလေး ကာမိစေမယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

အခုနှစ် ရွေးကောက်ပွဲမှာ လူကြိုက်အများဆုံး အင်အားစု တစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီ (PP)ကတော့ ပင်စင်ခံစားခွင့်တွေ၊ ကလေးသူငယ်ဆိုင်ရာ ထောက်ပံ့ကြေးတွေ၊ မွေးကင်းစ ကလေးတွေကို ကြိုဆိုတဲ့ ငွေကြေး ထောက်ပံ့မှု အစီအစဉ်တွေကို အကောင်အထည် ဖော်ပေးမယ်လို့ မဲဆွယ်ထားပြီး လုပ်ခလစာကိုလည်း ၄ ရာခိုင်နှုန်း တိုးပေးနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

ဒီမိုကရက် ပါတီကတော့ လယ်သမားတွေ တွက်ခြေကိုက်စေမယ့် စပါးစျေးမျိုးတွေ စီစဉ်ပေးဖို့၊ ထုတ်လုပ်မှု စရိတ်တွေအတွက် ငွေကြေးထောက်ပံ့ဖို့၊ စုငွေ မဲဖောက်ပေးတာတွေ စီစဉ်ပေးဖို့ ပြင်ဆင်ထားကြောင်း မဲဆန္ဒရှင်တွေဆီ အသိပေးထားပါတယ်။

လက်ရှိ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်နေတဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီကတော့ သက်သာချောင်ချိရေး ကတ်တွေ ထုတ်ပေးဖို့၊ ဓာတ်အားခတွေ ပိုစျေးသက်သာဖို့၊ အသေးစား ငွေချေးလုပ်ငန်းတွေ ကျယ်ပြန့်လာအောင် အကူအညီပေးဖို့ မူဝါဒမျိုးတွေကို အကောင်အထည် ဖော်မယ်ဆိုပြီး မဲဆွယ်နေပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ ရွေးကောက်ပွဲ ကော်မရှင်ဟာ ပါတီတွေရဲ့ မဲဆွယ်မှု နည်းလမ်းတွေ၊ အသုံးစရိတ်တွေ၊ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကဲခတ်တွေက ကော်မရှင် အနေနဲ့ အခုလို အန္တရာယ်များတဲ့ မဲဆွယ်ကတိတွေကို ထိထိရောက်ရောက် ကိုင်တွယ် ကြပ်မတ်နိုင်စွမ်း အရမ်းနည်းပါးတယ်လို့ သုံးသပ်ထားကြပါတယ်။

ပြီးတော့ သက်သာချောင်ချိရေး အစီအမံတွေကို ရေရှည်အတွက် ရည်ရွယ် အကောင်အထည် ဖော်တဲ့အခါ အစိုးရအနေနဲ့ ဘတ်ငွေ ၃၀၀ ဘီလီယံလောက်ထိ စရိတ်ပိုမို ကုန်ကျမှုတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူလက PTPနဲ့ MFPတို့ဟာ ၈ ပါတီ မဟာမိတ် နိုင်ငံရေး အင်အားစုမှာ အတူလက်တွဲ ပါဝင်ခဲ့ကြပြီး MFPရဲ့ ခေါင်းဆောင် ဖီထာ လင်မ်ဂျာရွတ်ရတ်ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ အဆိုတင်ဖို့ အားထုတ်မှုကို PTP အမတ်တွေက ထောက်ခံပေးခဲ့ကြဖူးပါတယ်။

သတင်း

ဖီထာက ဝန်ကြီးချုပ် နေရာအတွက် လွှတ်တော်ထဲမှာ ထပ်ပြီး အဆိုတင်ဖို့ အဆင်မပြေနိုင်တော့တာ သေချာသွားတဲ့နောက် MFPဟာ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက အဆိုတင်မယ့် ဝန်ကြီးချုပ်လောင်းကို ပြောင်းလဲ ထောက်ခံသွားတော့မယ်လို့ ဇူလိုင် ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

Move Forward ပါတီနဲ့ ဖိထာ​ထောက်ခံသူ​တွေဟာ တနဂါ်​နွေ​နေ့မှာဘန်​ကောက်မြို့ထဲဆိုင်ကယ်​တွေစီးပြီး ဆန္ဒပြတဲ့အခါ လမ်း​ဘေးဝဲယာက ပြည်သူ​တွေကလည်း အား​ပေးကြပြီး လက်သုံး​ချောင်း​ထောင်ပြကြသလို ၊ကား​တွေကလည်းဟွန်းတီးပြီးဆန္ဒထုတ်​ဖော်ကြတာကိုလည်း ထိုင်းလူမှုကွန်ယက်မီဒီယာ​တွေမှာ​တွေ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းလွှတ်တော် အစည်းအဝေးတွေကိုတော့ ၁၀ ရက်လောက် အချိန်ယူ ကျင်းပသွားမှာဖြစ်ပြီး ဝန်ကြီးချုပ်သစ် အနေနဲ့ ဘယ်သူ တင်မြှောက်ခံရမလဲ ဆိုတဲ့ ကိစ္စကတော့ ခုထိ ပဟေဠိ ဆန်နေဆဲ ဖြစ်ပါတယ်။

Facebook