Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့ အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း လုံခြုံရေးစခန်းကုန်းကို တိုက်ခိုက်

စစ်လေ့ကျင့်ရေးကျောင်းမှ နေ့စဥ်ရက်စက်ဆိုသလို လက်နက်ကြီးများထုသဖြင့် ဒေသခံပြည်သူအချို့ ထိခိုက်မူများရှိသည့်အပြင် တောင်ယာများသွားရောက် လုပ်ကိုင်စားသောက်ရန် အခက်ခဲများရှိကြောင်းလည်း KA က ဆိုသည်။

(တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် စစ်ကောင်စီယာဥ်တစ်စီးနှင့် KA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ Kn.A.C)
(တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် စစ်ကောင်စီယာဥ်တစ်စီးနှင့် KA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ Kn.A.C)

▪️စစ်ကောင်စီတပ်သား အနည်းဆုံး ၉ဦးသေဟု KA ပြော

ကရင်နီပြည်နယ် ဖရူဆိုမြို့တောင်ဘက်ခြမ်း အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း၏ အထူးလုံခြုံရေးစခန်းကုန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၉ဦးသေဆုံးကြောင်း ကရင်နီတပ်မတော်(KA)က ယနေ့(ဒီဇင်ဘာ ၁၇ ရက်) ထုတ်ပြန်သည်။

“မာခရော်ရှေ့ရွာ”ရှိ အထူးလုံခြုံရေးစခန်းကုန်း ကို ယခုလအတွင်း ကရင်နီတပ်မတော်(KA)ကဦးဆောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စကစဘက်မှ အနည်းဆုံး ၉ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်”ဟု KAက ပြောသည်။

(တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် စစ်ကောင်စီယာဥ်တစ်စီးနှင့် KA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ Kn.A.C)
(တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် စစ်ကောင်စီယာဥ်တစ်စီးနှင့် KA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ Kn.A.C)

တိုက်ခိုက်မှုနှင့်ဆက်စပ်သည့် စစ်လေ့ကျင့်ရေးကျောင်းသည် စစ်ကောင်စီတပ်ကမာခရော်ရှေ့၊လောဂျာ၊ ဒေါလော့ခူ အစရှိသည့်ကျေးရွာများ၏ ပြည်သူပိုင် ခြံမြေ ဧက ၂,၇၀၀ ကျော်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်သိမ်းယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စစ်လေ့ကျင့်ရေးကျောင်းမှ နေ့စဥ်ရက်စက်ဆိုသလို လက်နက်ကြီးများထုသဖြင့် ဒေသခံပြည်သူအချို့ ထိခိုက်မူများရှိသည့်အပြင် တောင်ယာများသွားရောက် လုပ်ကိုင်စားသောက်ရန် အခက်ခဲများရှိကြောင်းလည်း KA က ဆိုသည်။

Public Service Announcement
Public Service Announcement

“မာခရော်ရှေ့စခန်းကုန်းကို တိုက်တာ ဒီလ ၉ ရက်နေ့က ။ နှစ်ဖက် အကျအဆုံးရှိတယ် KA ဘက်ကလည်း ရဲဘော်နှစ်ဦးကျခဲ့တယ်။စခန်းသိမ်းခါနီး ပစ်ကူ တပ်ကူ ရောက်လို့ ပြန်ဆုတ်ခဲ့ရတဲ့ အခြေအနေလို့ သိရတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အလားတူ ယခုလ ၁၃ ရက်ကလည်း ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာ‌သော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

You May Also Like

သတင်း

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီးဘုန်းကြီးကျောင်းထဲတွင် ဆေးကုနေကြောင်း သိရသည်ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

KIA အမှတ်(၂) တပ်မဟာအမှတ်(၄၃) တပ်ရင်းနယ်မြေ နန့်ဖျက်ကျေးရွာနှင့် ကောင်ရာကျေးရွာအကြား၌ ဒီဇင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ရလဒ်ကောင်းများရှိခဲ့သော်လည်း အဖွဲ့၏ တာဝေးပစ် (၆၀)မမ လက်နက်ကြီး ပြောင်းတစ်ပြောင်း ကွဲကာ ပျက်စီးခဲ့ရပြီး အူစီ(Gun)တစ်လက်မှာ ပြေးရင်းပြုတ်ကျကာ ကျိုးကြေပျက်စီးခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ဘွေလီဂိတ်စခန်းအား CDFက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။