Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် ဗြိဘရွာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်ကို စစ်ကိုင်းနှင့် မကွေး PDFများ ပူးပေါင်းတိုက်ခိုက်

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီးဘုန်းကြီးကျောင်းထဲတွင် ဆေးကုနေကြောင်း သိရသည်ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-ရေစကြို (ပကဖ)
(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-ရေစကြို (ပကဖ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗြိဘ(အနောက်) ကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီတပ် ကို စစ်ကိုင်းနှင့် မကွေးတိုင်း PDFများပေါင်းတိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိကြောင်း ပြည်သူကာကွယ် ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် (ပ.က.ဖ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၇ရက်)နံနက်ပိုင်းက ရေစကြိုမြို့နယ် ဗြိဘ (အနောက်)ကျေးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီ စစ်ကြောင်းအား နံနက် ၁၀နာရီဝန်းကျင်ခန့်က စတင်ကာ မဟာမိတ်များပူးပေါင်းပြီး (၄၀)မမများ၊ အီနာဂါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီးဘုန်းကြီးကျောင်းထဲတွင် ဆေးကုနေကြောင်း သိရသည်ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့ရှိတဲ့နေရာကို ချဥ်းကပ်တာကိုက တစ်နာရီလောက်တော့ကြာတယ်။သူတို့က မနက်ခင်းကတည်းက ဗြိဘ(အနောက်) ရွာ ဘုန်းကြီးကျောင်းထဲကို ရောက်နေတာ။ အနီးကပ် ကပ်ပြီးစောင့်တာ ဒီကောင်တွေအထွက်ကို။ ဒီကောင်တွေထွက်လာတော့ ရှေ့ပြေးကင်းထောက်အဖွဲ့ကို မိုင်းဆွဲတယ်။ မိုင်းဆွဲပြီးတော့ အီနာဂါနဲ့ရော ဒရုန်းနဲ့ချတယ်။ (၄ဝ) မမနဲ့လည်းပစ်တယ်။ အင်အားက ငါးဆယ် ကျော် ခြောက်ဆယ်လောက်ရှိတယ်။”ဟု ၎င်းတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Tesk Force (SSTF)၊N-YSO ပြောက်ကြားတပ်ဖွဲ့ ၊ငဘ ပြောက်ကျားတပ်ဖွဲ့ ၊ဗိုလ်တမာပြောက်ကျားတပ်ဖွဲ့ ၊ Super Fighter PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရေစကြိုမြို့နယ်၊ ပခန်းကြီးဒေသတွင် စစ်ကောင်စီတ​ပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့သေးသည်။

You May Also Like

သတင်း

ဦးအောင်ထွန်းခိုင်သည် အသက်၆၅နှစ်အရွယ်ရှိပြီးဖိအားများကြောင့်စိတ်ကျရောဂါခံစားနေရသည်ဟုလည်း ဝန်ထမ်းအချို့က ပြောသည်။

သတင်း

စစ်ကောင်စီကလိုင်စင်လုပ်ပြီး လက်သိပ်ထိုးရောင်းချသည့် ကားများကို ဒေသခံများကမဝယ်ကြဟုလည်းသိရသည်။ ထို့ကြောင့် ဖားကန့်ဒေသ ပြင်ပသို့ လိုက်လံရောင်းချနေသည်ဟု ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

KIA အမှတ်(၂) တပ်မဟာအမှတ်(၄၃) တပ်ရင်းနယ်မြေ နန့်ဖျက်ကျေးရွာနှင့် ကောင်ရာကျေးရွာအကြား၌ ဒီဇင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်လေ့ကျင့်ရေးကျောင်းမှ နေ့စဥ်ရက်စက်ဆိုသလို လက်နက်ကြီးများထုသဖြင့် ဒေသခံပြည်သူအချို့ ထိခိုက်မူများရှိသည့်အပြင် တောင်ယာများသွားရောက် လုပ်ကိုင်စားသောက်ရန် အခက်ခဲများရှိကြောင်းလည်း KA က ဆိုသည်။