Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်ကဖားကန့်တွင်​ဒေသခံများ၏လိုင်စင်မဲ့ကားများကိုဖမ်းပြီး လိုင်စင်လုပ်၍ ပြန်​ရောင်း​နေ

စစ်ကောင်စီကလိုင်စင်လုပ်ပြီး လက်သိပ်ထိုးရောင်းချသည့် ကားများကို ဒေသခံများကမဝယ်ကြဟုလည်းသိရသည်။ ထို့ကြောင့် ဖားကန့်ဒေသ ပြင်ပသို့ လိုက်လံရောင်းချနေသည်ဟု ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

(ဖားကန့်မြို့လယ်တစ်​နေရာ ။ ။ဓါတ်ပုံ-KNG)
(ဖားကန့်မြို့လယ်တစ်​နေရာ ။ ။ဓါတ်ပုံ-KNG)

ဖားကန့်တွင်စစ်ကောင်စီတပ်က ဒေသခံများထံမှ လိုင်စင်မဲ့ကားများကို သိမ်းယူပြီး လိုင်စင်ပြန်လုပ်၍ ရောင်းပြီး​ငွေရှာ​​နေကြောင်း ဒေသခံများကပြောသည်။

လိုင်စင်မဲ့ကားများစွာရှိသည့်ဖားကန့်တွင် နိုဝင်ဘာလမှစ၍ စစ်ကောင်စီတပ်က ဒေသခံများ၏လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့်လိုက်လံ ဖမ်းဆီးခဲ့သည်။ဖမ်းဆီးထားသော ကားအစီးရေ တစ်ရာထက်မနည်းရှိပြီး စစ်ကောင်စီက ထိုကားများကို လိုင်စင်လုပ်၍ ပြန်ရောင်း​နေခြင်းဖြစ်​ကြောင်းဒေသခံများကပြောသည်။

“လေကြောင်းကနေ လာတိုက်တော့ ကုန်တဲ့ စရိတ်တွေ ဒီမှာ ​ပြန်ရှာခိုင်းနေတယ်ကြားတယ်။ ဖမ်းသွားတဲ့ ကားတွေ လိုင်စင်ဝင်ပြီး ပြန်ရောင်းနေတယ်။ တော်တော် ရုပ်ပျက်

ဆင်းပျက်ဖြစ်နေပြီ” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသောဖားကန့်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဖားကန့်တွင် ​ဒေသခံများ၏လိုင်စင်မဲ့ကားများကိုဖမ်းဆီး​သောအခါ ကြမ်းကြမ်းတမ်းတမ်းပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့က​ပြောသည်။

“ဘုရားကျောင်းတက်နေချိန် ကျောင်းထဲကကားတွေဝင်ဖမ်းတယ်။ တော်တော်လေးကို ဒုက္ခရောက်တယ်။ ပြည်သူ့ကို ဒုက္ခပေးဖို့ပဲသိတဲ့ စစ်အာဏာရှင်ပဲ” ဟု ကားသိမ်းဆည်းခံရသူတစ်ဦးကပြောသည်။

စစ်ကောင်စီကလိုင်စင်လုပ်ပြီး လက်သိပ်ထိုးရောင်းချသည့် ကားများကို ဒေသခံများကမဝယ်ကြဟုလည်းသိရသည်။ ထို့ကြောင့် ဖားကန့်ဒေသ ပြင်ပသို့ လိုက်လံရောင်းချနေသည်ဟု ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဖားကန့်တွင် ယခုရက်ပိုင်း တိုက်ပွဲမဖြစ်ပွားဘဲ ငြိမ်သက်နေသည်။ မှော်ပုံကျေးရွာတွင်KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီသည် ဒီဇင်ဘာလ ၅ရက် ညမှ ဒီဇင်ဘာလ ၇ ရက်အထိည တိုက်ပွဲဖြစ်ခဲ့သည်။

You May Also Like

သတင်း

ဦးအောင်ထွန်းခိုင်သည် အသက်၆၅နှစ်အရွယ်ရှိပြီးဖိအားများကြောင့်စိတ်ကျရောဂါခံစားနေရသည်ဟုလည်း ဝန်ထမ်းအချို့က ပြောသည်။

သတင်း

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီးဘုန်းကြီးကျောင်းထဲတွင် ဆေးကုနေကြောင်း သိရသည်ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။

သတင်း

ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်သည် ဒီဇင်ဘာ ၁၆ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။