Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူရှိ စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်ရာ စစ်ကောင်စီတပ် သုံးဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Earthquake PDF)
(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Earthquake PDF)

▪️သေနတ် ၂လက်၊ ကားတစ်စီးနှင့်ကျည်များ သိမ်းဆည်းရရှိဟု Earthquake PDF အသိပေး

မကွေးတိုင်း ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု Earthquake ပြည်သူ့ကာကွယ်ရေးတပ်(PDF) က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ရက် နေ့လယ် ၁နာရီခွဲခန့်တွင် ပခုက္ကူတက္ကသိုလ်နှင့် ခြောက်ကန်ကျေးရွာအကြားရှိ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Earthquake PDF)
(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – Earthquake PDF)

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ MA3 (၁)လက်၊ အူစီ(၁)လက်၊ G3 ကျည် (၅၀၀)၊ G3 ကျည်ဘောက်(၂)ခု၊ ကား(၁)စီး၊ လက်ထိပ်၊ ဆပ်ကြေးကောက်ခံသော စာအုပ်(၁)အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသား(၃)သိန်းနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်။

ယခု စစ်ဆင်ရေးအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

“တစ်ယောက်က ထွက်ပြေးဆို ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံရောက်သွားတယ်ပြောတယ်။ ဆေးရုံရောက်ချိန်မှာ အမျိုးသားအင်္ဂါပါမလာတော့ဘူးလို့ သိရတယ်။ သေဖို့ များမယ်ထင်ပါတယ်”ဟု Earthquake People’s Defence Force မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရန်သွားရောက်ရာတွင် အသုံးပြုခဲ့သည့် ဖောကားတစ်စီးမှာ စစ်တပ်ဂိတ်အနီးအရောက်တွင် စက်ချို့ယွင်းကာနှိုးမရတော့၍ ယင်းဖောကားကိုထားခဲ့ပြီး သိမ်းဆည်းရမိသောကားဖြင့် ပြန်ခဲ့ရကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြသည်။

You May Also Like

သတင်း

ပြည်သူများ ထိခိုက်ဒဏ်ရာရစေသည့် ယင်းလုပ်ရပ်မှာ စစ်ကောင်စီနှင့် ပျူစောထီးများသာ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒလမြို့ခံတစ်ဦးက ပြောကြားသည်။

သတင်း

အချိန်မ​ရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

သတင်း

ဒီဇင်ဘာ ၁၆ရက်တွင် ညောင်ကုန်းရွာအနီးလည်းကောင်း၊ ဒီဇင်ဘာ ၁၇ရက် ယမန်နေ့တွင် ဂျုံးဂျုံးကျ ရွာအနီး၌လည်းကောင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင် ပိန်းအင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ကုန်းသာရွာသား ၂ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်ပြီပြီးဖြစ်သည်ဟု အသိပေးသည်။