Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တွင် KIA/PDFနှင့် စစ်ကောင်စီတပ် ၃ရက် ဆက်တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၁၆ရက်တွင် ညောင်ကုန်းရွာအနီးလည်းကောင်း၊ ဒီဇင်ဘာ ၁၇ရက် ယမန်နေ့တွင် ဂျုံးဂျုံးကျ ရွာအနီး၌လည်းကောင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင် ပိန်းအင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KIA/PDF ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
KIA/PDF ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

▪️ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက် မှုများဟု PDF ပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ် ရေးတပ်(PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အင်းတော် PDF ရဲဘော်က ပြောသည်။

ဒီဇင်ဘာ ၁၄ရက်တွင် အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ရန် ကြိုးပမ်းလာ၍ ဒေသတွင်းရှိ KIA/PDF ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၆ရက်မှစ၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၆ရက်တွင် ညောင်ကုန်းရွာအနီးလည်းကောင်း၊ ဒီဇင်ဘာ ၁၇ရက် ယမန်နေ့တွင် ဂျုံးဂျုံးကျ ရွာအနီး၌လည်းကောင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင် ပိန်းအင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အင်းတော်အခြေအနေက ဒီနေ့ကတော့ မနက်ပိုင်းလေးပဲ ပွဲဖြစ်တာ။ မနက်ပိုင်းက ပိန်းအင်းရွာနားမှာဖြစ်တာ။ ပိန်းအင်းရွာက ထွက်ခဲ့တဲ့ စစ်ကြောင်းနဲ့ KIA/PDF ပူးပေါင်းအဖွဲ့နဲ့ ဖြစ်တာ”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ယနေ့ တိုက်ပွဲထိခိုက်မှု အခြေအနေကို မသိရသေးသော်လည်း ယမန်နေ့ ဂျုံးဂျုံးကျ ရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟုဆိုသည်။

“မနေ့ကတော့ တစ်နေ့လုံးဖြစ်တာပေါ့။ မနေ့က တိုက်ပွဲက ခ…စစ်ကောင်စီတပ်ဖွဲ့)သေတာ တော်တော်များတယ်။ အရေအတွက်တော့ တွက်လို့မရဘူး။ သူတို့ စစ်ကြောင်းက အရင် ၇၀ ကျော်ရှိတာမှာ သူတို့ ၃၀ လောက်ပဲကျန်တော့တာ ၄၀ လောက်အထိအခိုက်ရှိတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ဘက်က ကြည့်တာလည်း ခွေးတွေ အလောင်းတွေ ထမ်းတာ၊ ဒဏ်ရာရတဲ့ဟာတွေ ထမ်းသယ်နေတာလည်း အကုန်မြင်နေရတယ်”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ယမန်နေ့တိုက်ပွဲ၌ KIA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခု အင်းတော်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ယခု အင်းတော်မြို့နယ်တွင်လည်း ကျေးရွာသုံးရွာခန့်ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ထားသည်ကို တွေ့ရသည်။

You May Also Like

သတင်း

ပြည်သူများ ထိခိုက်ဒဏ်ရာရစေသည့် ယင်းလုပ်ရပ်မှာ စစ်ကောင်စီနှင့် ပျူစောထီးများသာ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒလမြို့ခံတစ်ဦးက ပြောကြားသည်။

သတင်း

အချိန်မ​ရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

သတင်း

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် တပ်အင်အားတိုးချဲ့ပြီး ကေအဲန်ယူနယ်မြေအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားလာပါက ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူများလည်း ပိုမိုအသုံးပြုလာနိုင်သည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။