Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မှော်ဘီလေတပ်ဌာနချုပ်ကို အဝေးပစ်ရှော့တိုက်မိုင်းသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာ ၁၇ ရက်ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ လေတပ်‌နံရံကို ထိခိုက်ခဲ့ကာ တစ်လုံးသည် အဓိကနေရာကို တိုက်ခိုက်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

(မှော်ဘီလေတပ်ဌာနချုပ်အား တွေ့ရစဉ်)
(မှော်ဘီလေတပ်ဌာနချုပ်အား တွေ့ရစဉ်)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် လေတပ်ဌာနချုပ်ကို လက်လုပ်အဝေးပစ်ရှော့တိုက်မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း People Defence Force-Hmawbi မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိက နေရာတိုက်ခိုက်ချင်တာပါ။လက်နက်ရုံပေါ့။နဲနဲလွဲသွားတယ်။လူကြီးအိမ်ယာဘက်ကျပြီး အကောင်ကြီး အိမ်ဘက်ကျသွားတယ်။ အတိအကျတော့ မသိရဘူး”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ လေတပ်‌နံရံကို ထိခိုက်ခဲ့ကာ တစ်လုံးသည် အဓိကနေရာကို တိုက်ခိုက်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“မနက်သတင်းကြားတာက လူနာတင်ကား အများကြီး ဝင်သွားတယ်လို့ကြားရတယ်”ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် အညာဒေသနှင့် တိုင်းရင်းသားဒေသများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဆက်တိုက်လုပ်ဆောင်တော့မှာပါ။ပစ္စည်းလိုအပ်ချက်ကြောင့်ခဏ နားနေရတဲ့ သဘောပါပဲ။ကျွန်တော်တို့ကို ပစ္စည်းထောက်ပံ့ပေးဖို့ပဲပြောချင်ပါတယ်။”ဟု ၎င်းက ပြောသည်။

You May Also Like

သတင်း

ရဲစခန်းရှိ စစ်အုပ်စုဝင်တစ်ဦးသေဆုံးသည်ဟု သိရပြီး ထွေအုပ်ရုံးအတွင်း ထိခိုက်မှုအခြေအနေ မသိရသေးဟု ၎င်းက ဆိုသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နေ့လည်ပိုင်းက လွိုင်ကော်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ သံ ငါးကြိမ်ထက်မနည်းရှိခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

သတင်း

'နန်းထိုက်အောင်စစ်ဆင်ရေး'တွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၂၈ ရက်)နံနက်၇ နာရီ ၄၅မိနစ်ခန့်တွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်သည် ဇီးပြားရဲစခန်းမှ ထွက်လာပြီး လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။