Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းဆိုးတန်း – ဒလပြေးဆွဲသည့် ချယ်ရီသင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲ

ပြည်သူအများစု ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယင်းလုပ်ရပ်မှာ အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများသာ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒလမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

▪️ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး ပျူနှင့်စစ်အုပ်စုလက်ချက် ဖြစ်နိုင်ဟုဆို

ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့နယ်ဘက်သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ် တွင် ယနေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းက ဗုံးပေါက် ကွဲမှုဖြစ်ပွားပြီး ပြည်သူ ၁၀ဦးထက်မနည်း ထိထိုက်ဒဏ်ရာရခဲ့သည်။

ယနေ့ညနေ ၆ နာရီခွဲကျော်တွင် ပန်းဆိုးတန်းမှ ဒလမြို့ဘက်သို့ ပြေးဆွဲလာသည့် ချယ်ရီသင်္ဘောပေါ်၌ ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး သင်္ဘောပေါ်လိုပ်ပါစီးနင်းသည့် ပြည်သူ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများတွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား ၁၅ဦး စုစုပေါင်း ၁၇ဦးရှိသည်ဟု ကနဦးစုံစမ်းသိရသည်။

“မသေတာ ကံကောင်း။ အပြန်ကိုယ့်ရှေ့လေးတင် ဖြစ်တာ”ဟု ချယ်ရီ (၁)သဘော်ဖြင့် ရန်ကုန်မှ ဒလဘက်သို့ စီးနင်းလိုက်ပါခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

သင်္ဘောဖြင့်လိုက်ပါခဲ့ပြီး ပေါက်ကွဲမှုအား ကိုယ်တိုင်ကြုံရသူအချို့က ထိုပေါက်ကွဲမှုကြောင့် သေဆုံးသူတစ်ဦးရှိသည်ဟုပြောဆိုကြသော်လည်း People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိအခြေအနေတွင် သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်ခြင်းကြောင့် ပန်းဆိုးတန်းဆိပ်ကမ်းသို့ စစ်ကောင်စီတပ်များရောက်ရှိနေပြီး ခရီးသွားပြည်သူများ ဆိပ်ကမ်းသို့ သွားမရဘဲ လှည့်ပြန်ရသည်များလည်းရှိကြောင်း ကိုယ်တိုင်ကြုံရသူများက ဆိုသည်။

“ညနေ ၆ နာရီခွဲကျော်က ပန်းဆိုးတန်းကနေ ဒလအပြန် ချယ်ရီသင်္ဘောပေါ်မှာ ဗုံးပေါက်တာပါ။ ၁၀ယောက်ကျော်လောက် ဒဏ်ရာရတယ်လို့ သိရတယ်။ လူနာတင်ကားတွေ အများကြီးပဲသွားနေကြတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူအများစု ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယင်းလုပ်ရပ်မှာ အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများသာ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒလမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ပြည်သူတွေစီးတဲ့ သင်္ဘောကိုလုပ်တယ် ဆိုကတည်းက ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေ မဖြစ်နိုင်ပါဘူး။ စစ်တပ်နဲ့ ပျူစောထီးတွေပဲ တမင်လုပ်တယ်လို့ ထင်ပါတယ်”ဟု ​ ဒလမြို့နယ်ရှိ ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိအချိန်ထိ ယင်းပေါက်ကွဲမှုကို မည်သည့် အဖွဲ့အစည်းမှ ပြုလုပ်သည်ကို မသိရှိရသေးပေ။

“ဒါဟာ လုံးဝယုတ်မာတဲ့ စစ်တပ်ရဲ့ဖောက်ခွဲမှုပါ။ အများပြည်သူများတာ ရှိတဲ့နေရာမှာ ယခုလို ပေါက်ကွဲခဲ့ခြင်းဟာ လုံးဝကို အောက်တန်းကျပါတယ်။ ပြီးရင် မြဝတီတို့လို အလိမ်အညာတွေကနေ ပြည်သူတွေကို PDF က ဗုံးဖောက်ပါတယ်ဆိုပြီး လိမ်တဲ့စကားပြောဦးမှာပါ “ဟု တော်လှန်ရေး အင်အားစုမှ လူငယ်တစ်ဦးကလည်း ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများကြောင့် အသွားအလာ ဂရုစိုက်ကြရန်လည်း ၎င်းလူငယ်က သတိပေးပြောကြားခဲ့သည်။

You May Also Like

သတင်း

ပြည်သူများ ထိခိုက်ဒဏ်ရာရစေသည့် ယင်းလုပ်ရပ်မှာ စစ်ကောင်စီနှင့် ပျူစောထီးများသာ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒလမြို့ခံတစ်ဦးက ပြောကြားသည်။

သတင်း

အဆိုပါ မီးလောင်ခဲ့သည့် စက်သုံးဆီရေယာဥ်သည် စစ်ကောင်စီတပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်းထွက်ပေါ်နေသောလည်း သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

မန္တလေးမှထွက်ခွာလာပြီးဆန်အိတ် ၁၅၀၀၀ ကျော်တင်ဆောင်လာသောသင်္ဘာကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)ကယနေ့(နိုဝင်ဘာ၆ရက်) နေ့လယ် နှစ်နာရီတွင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သတင်း

အထက်ပါဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် အင်းစိန်ထောင်ဘူးဝရှေ့နှင့်အနီးဝန်းကျင်ကို လမ်းများပိတ်ဆို့လိုက်ပြီး ခြေရှုတ်နေကြောင်း ဒေသခံများက ပြောသည်။