Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်ရှိထောက်ရှာပင်ရွာကို စစ်ကောင်စီကယ​နေ့ညတွင် မီးရှို့ဖျက်ဆီး

အချိန်မ​ရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

(​ပေါက်မြို့နယ်ရှိ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းကမီးရှို့ဖျက်ဆီး​ခဲ့စဥ်။ဓါတ်ပုံ-​ပေးပို့)
(​ပေါက်မြို့နယ်ရှိ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းကမီးရှို့ဖျက်ဆီး​ခဲ့စဥ်။ဓါတ်ပုံ-​ပေးပို့)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ည ၈ နာရီခွဲခန့်က စတင်မီးရှို့ဖျက်ဆီးနေသည်ဟုဒေသခံများကပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။ စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်ပါးစေ ပျူစောထီးအင်အား (၁၀၀) ခန့်က ယနေ့(ဒီဇင်ဘာ ၁၈) ညနေပိုင်းက ကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။

“မီးရှို့ပြီး ဒေသခံကာကွယ်ရေးတပ်တို့ကို မျှားခေါပြီး သတ်ကွင်းဆီ ခေါ်နေတဲ့ သဘောရှိတယ်”ဟု အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း ၇၀၃ တပ်ရင်းမှုး စိုးမိုးကသုံးသပ်ပြောကြားသည်။

လက်ရှိတွင် ကျေးရွာတွင်းရှိ ပြည်သူများလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်းဒေသခံများကပြောသည်။

အချိန်မ​ရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၁၆ရက်တွင် ညောင်ကုန်းရွာအနီးလည်းကောင်း၊ ဒီဇင်ဘာ ၁၇ရက် ယမန်နေ့တွင် ဂျုံးဂျုံးကျ ရွာအနီး၌လည်းကောင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင် ပိန်းအင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

သတင်း

ကုန်းသာရွာသား ၂ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်ပြီပြီးဖြစ်သည်ဟု အသိပေးသည်။

သတင်း

ယနေ့(ဒီဇင်ဘာလ ၁၈ ရက်) နံနက် ၅နာရီခန့်တွင် ဗြိဘ(အနောက်)ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ နေအိမ်အလုံး ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Yesagyo Township INFO Committeeက ပြောသည်။