Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စွဲရာ ညောင်ငုပ်တိုပျူစခန်းကို PDFများ စီးနင်းတိုက်ခိုက်

စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူ Mi 35 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်းအတွင်း သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်းအတွင်း သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

စစ်အုပ်စု အထိနာပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ဒေသတွင်း တပ်ပေါင်းစုများက စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိပြီး ပြည်သူ့ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၉ ရက်) နံနက် ၄ နာရီခန့်က စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၊ ညောင်ငုပ်တိုကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၃)၊ စစ်ကိုင်းမြို့နယ်(ပ.က.ဖ)၊ နယ်မြေခံ LPDF/PDFများ ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း PDF များက ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၁ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ပကဖအဖွဲ့က အသိပေးသည်။

စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူ Mi 35 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း PDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ ထို့အပြင် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီးလည်း သီးခြားအတည်မပြုနိုင်သေးပေ။

You May Also Like

သတင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။

သတင်း

"မနက်အစောကြီးဝင်လာ​တော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ...(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်"ဟု ကိုနွေဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၆ရက်မှစ၍ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့နေရာ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ပူးပေါင်းခုခံခဲ့၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် မြိုကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ်က​လေးငယ်၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြိုလှကျေးရွာသို့တပ်ဆုတ်ကာတပ်စွဲထားသည်ဟုကလေးPDFကအသိ​ပေးထားသည်။