Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ် ဆယ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးကို မီးရှို့သတ်ဖြတ်

“မနက်အစောကြီးဝင်လာ​တော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ…(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်”ဟု ကိုနွေဦးက ပြောသည်။

ကျဆုံး ရဲဘော်၏ ရုပ်အကြွင်းအကျန်အား ဆက်လက် မီးရှို့သင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ - CDSOM ကိုနွေဦးမြောင်
ကျဆုံး ရဲဘော်၏ ရုပ်အကြွင်းအကျန်အား ဆက်လက် မီးရှို့သင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ - CDSOM ကိုနွေဦးမြောင်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ဆယ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကို ပစ်ခတ်ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားသည်။

စစ်ကောင်စီတပ်သည် ဆယ်ရွာအတွင်းသို့ ယနေ့(ဒီဇင်ဘာလ ၂၀ရက်)နံနက် ၅နာရီခန့်တွင် ရောက်လာပြီး စစ်ကြောင်းထိုးခဲ့​​ခြင်း ဖြစ်သည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူသည် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါင်းစစ်သည်မှ ရဲဘော် ကိုမြတ်သူအောင်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDSOM) တာဝန်ခံ ကိုနွေဦးက ပြောသည်။

“မနက်အစောကြီးဝင်လာ​တော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ…(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်”ဟု ကိုနွေဦးက ပြောသည်။

ကိုမြတ်သူအောင်၏ အလောင်းကို ရွာလယ်တွင် ချထားခဲ့သည်ဟု သိရသည်။

ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် CDSOM ၏ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်သည် ဆယ်ရွာဒေသခံ ၁၀၀ခန့်ကိုလည်း ဖမ်းဆီးရိုက်နှက်ပြီး နံနက် ၁၀နာရီခန့်တွင် ကျေးရွာမှ ထွက်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။ ၎င်းတို့စစ်ကြောင်းကို မတိုက်ခိုက်ရန်နှင့် တိုက်ခိုက်ပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သွားခဲ့သည်ဟု ဆိုသည်။

You May Also Like

သတင်း

မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY မှ ကိုနန်းလင်းကလည်း မြန်မာ့အရေးအဖြေမထွက်သည်မှာ အာဆီယံအဖွဲ့ကြီး၏ ချဥ်းကပ်နေသော မူဝါဒများနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီကို အရာပေး၊ နေရာပေး ချော့မြူပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ကိုင်နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

သတင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။

သတင်း

စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူ Mi 35 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။