Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုနှင့်စီးပွားရေးလုပ်နေ​သောရိုးမဘဏ်မှ IFCပိုင်ရှယ်ယာများကိုပြန်ရောင်း

ကုမ္ပဏီများသည် စစ်အုပ်စုနှင့် လက်တွဲဖြုတ်ရန် မြန်မာလူထုက ကြီးမားသော ဖိအားပေးနေချိန် နွေဦးတော်လှန်ရေး ကာလအတွင်း ရိုးမဘဏ်ထံမှ IFCက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

(၂၀၁၉ ခုနှစ်တွင် IFC နှင့် ရိုးမဘဏ်တို့သ​ဘောတူလက်မှတ်​ရေးထိုးခဲ့စဥ်။ ။ဓါတ်ပုံ-ရိုးမဘဏ်)
(၂၀၁၉ ခုနှစ်တွင် IFC နှင့် ရိုးမဘဏ်တို့သ​ဘောတူလက်မှတ်​ရေးထိုးခဲ့စဥ်။ ။ဓါတ်ပုံ-ရိုးမဘဏ်)

စစ်အုပ်စုနှင့် စီးပွားရေးလက်တွဲလုပ်နေသည့် ရိုးမဘဏ်ထံတွင် ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာများကို ကမ္ဘာ့ဘဏ်လက်အောက်ခံ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IFC)က ပြန်ရောင်းလိုက်ပြီဖြစ်ကြောင်း အသိပေးလာသည်ဟု Justice For Myanmarက ယနေ့ထုတ်ပြန်သည်။

IFCသည် ရိုးမဘဏ်၏ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယခုအခါထိုရှယ်ယာများကို ဒေါ်လာ ၅ သန်းဖြင့် ရိုးမဘဏ်၏ မိခင်ကုမ္ပဏီဖြစ်သည့် FMIကုမ္ပဏီထံ ပြန်လည်ရောင်းချ ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၂ ရက်တွင် FMI၊ Yoma Bank တို့နှင့် ရှယ်ယာရောင်းချမှုသဘောတူစာချုပ်ကို IFC က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်နေတာကို ရိုးမဘဏ်က မတားဆီးနိုင်တဲ့အခြေအနေမှာ IFC က ရိုးမဘဏ်ကနေ နုတ်ထွက်လိုက်တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်”ဟု ​ပြောသည်။

ကုမ္ပဏီများသည် စစ်အုပ်စုနှင့် လက်တွဲဖြုတ်ရန် မြန်မာလူထုက ကြီးမားသော ဖိအားပေးနေချိန် နွေဦးတော်လှန်ရေး ကာလအတွင်း ရိုးမဘဏ်ထံမှ IFCက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇ၀တ်မှုများနှင့် လူသားအပေါ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသည့်စစ်အုပ်စုနှင့် ရိုးမဘဏ်သည်စီးပွားရေးလုပ်ငန်းများလက်တွဲလုပ်ကိုင်ခဲ့သည်မှတ်တမ်းရှိသည်။

ရိုးမဘဏ်ကအာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်​သော မြန်မာကုမ္ပဏီ Pinnacle Asia ကို ချေးငွေတစ်ရပ် ထုတ်ပေးခဲ့သည်။ထိုချေးငွေသည်စစ်တပ်ပိုင်မိုဘိုင်းအော်ပရေတာ Mytel အတွက်တာဝါတိုင်များ တည်ဆောက်ရန်ကုမ္ပဏီကို ပံ့ပိုးပေးခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။ပြီးခဲ့သည့်လက JFM က ရရှိထားသည့် စာရင်းများအရ ၂၀၂၂ မတ်လတွင် Mytelကုမ္ပဏီလက်အောက်ခံ Telecom International Myanmar၏ ဒေါ်လာ ၁၀ သန်းကို ဘဏ်အကောင့်ဖွင့်လှစ်ခွင့်ပေးထားသည်ဟုလည်း ​ဖော်ပြထားသည်။

ထို့အပြင်နိုဝင်ဘာလအတွင်းတွင် စစ်တပ်ပိုင်အင်းဝဘဏ်အတွက် ငွေကြေးလွှဲပြောင်းမှု အကြိမ် ၂၀၀ကျော်ကိုလည်း ရိုးမဘဏ်က ဆောင်ရွက်ခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်း JFMက ထုတ်ပြန်ထားသည်။

“IFC အနေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းတွေနဲ့ မင်းအောင်လှိုင်ရဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေအတွက် ရိုးမဘဏ်ရဲ့ ပံ့ပိုးကူညီမှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အချက်က ကြီးလေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပျက်ကွက်မှုတွေ ရှိနေတယ်ဆိုတာကို ပြသပါတယ်။ ဒီလိုပျက်ကွက်မှုတွေက IFC အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်ဖို့ စီစဉ်နေတယ်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့မဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်”ဟုမရတနာ​မောင်က​ပြောသည်။

ထိုအပြင် Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ က“IFC အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ စစ်ထောက်ချုပ်ရုံးဆီက ငှားရမ်းမြေနေရာပေါ်မှာ တည်ဆောက်ထားတဲ့ Sule Square မှာ ရုံးခန်းငှားရမ်းအသုံးပြုနေတာကိုလည်း ရပ်တန့်ရမှာဖြစ်ပြီး၊ စစ်အုပ်စု၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ မိတ်ဖက်တွေနဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကိုလည်း ရပ်တန့်ရမှာ ဖြစ်ပါတယ်”ဟုက်​ပြောသည်။

ရိုးမဘဏ်တွင်စင်ကာပူငွေကြေးရန်ပုံငွေGICလက်အောက်ခံ Greenwood Capital ကရှယ်ယာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ နော်ဝေးဖွံ့ဖြိုးရေး ရန်ပုံငွေ Norfund ကရှယ်ယာ၁၀ ဒသမ ၆ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ JFMက အဆိုပါအဖွဲ့နှစ်ခုကိုလည်း ရိုးမဘဏ်မှ နှုတ်ထွက်ရန်လည်းဆက်လက်တိုက်တွန်းထားသည်။

You May Also Like

သတင်း

"အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်"ဟု ယာယီသမ္မတက ပြောကြားသည်။

သတင်း

ထောက်ရှာပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သောစစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ရှာပင်ရွာမှ ထွက်လာပြီး မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။

သတင်း

ဒီဇင်ဘာ ၁၇ ရက် နံနက်၇နာရီခွဲခန့်က မြိုင်မြို့တောင် ဘက် (၂)မိုင်ခန့်အကွာရှိ ပျူအားကောင်းရာ သရက်ကွကျေးရွာမှ ဖောကားအပြာရောင်တစ်စီးသည် စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၂၅ဦးခန့်ဖြင့် မြိုင်မြို့ဘက်သို့ ဈေးဝယ်ထွက်လာခဲ့သည်။