Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ ကိုတက်ခွင့်ပြုမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ဘန်ကောက်မှာ ပြုလုပ်မယ်

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ကို ငြင်းပယ်ဖို့ မြန်မာလူငယ်တွေ ဆန္ဒထုတ်ဖော်စဉ်(ပုံဟောင်း)
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ကို ငြင်းပယ်ဖို့ မြန်မာလူငယ်တွေ ဆန္ဒထုတ်ဖော်စဉ်(ပုံဟောင်း)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ ရဲ့အကျပ်အတည်းအတွက် ထိုင်းနိုင်ငံက ဦးဆောင်ပြီး လာမယ့် ကြာသပတေးနေ့ (ဒီဇင်ဘာလ ၂၂ ) ရက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ရှိနေပါတယ်။

ဘန်ကောက်မှာပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ကိုတက်ခွင့်ပေးထားတယ်လို့ Thai PBS သတင်းဌာနက ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက် ဆွေးနွေးပွဲဟာ တရားဝင်အာဆီယံ အစည်းအဝေး သဘောမျိုးမဟုတ်ဘဲ မြန်မာ့နိုင်ငံ ရဲ့အကျပ်အတည်း ရိုက်ခတ်မှုကို ခံရတဲ့နိုင်ငံတွေ ကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးအမြင်ဖလှယ်တာလို့ အကြောင်းပြထားပါတယ်။

ထိုင်းနိုင်ငံက စီစဉ်တဲ့ အဲဒီဆွေးနွေးပွဲကို ထိုင်းရဲ့အိမ်နီးချင်းနိုင်ငံတွေ တက်ရောက်မယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။

ထိုင်းနိုင်ငံက အခုလိုစီစဉ်တဲ့ မြန်မာ့အရေးဆွေးနွေးမှုဟာ အမေရိကန်လွှတ်တော် ၂ရပ်က NUG နဲ့PDF တွေကို ထောက်ပံ့မယ့်အစီအစဉ်တွေပါဝင်တဲ့ ကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြုလိုက်တဲ့အချိန် နဲ့မရှေးမနှောင်းမှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ − AP

You May Also Like

သတင်း

မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY မှ ကိုနန်းလင်းကလည်း မြန်မာ့အရေးအဖြေမထွက်သည်မှာ အာဆီယံအဖွဲ့ကြီး၏ ချဥ်းကပ်နေသော မူဝါဒများနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီကို အရာပေး၊ နေရာပေး ချော့မြူပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ကိုင်နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

သတင်း

"မနက်အစောကြီးဝင်လာ​တော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ...(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်"ဟု ကိုနွေဦးက ပြောသည်။

သတင်း

စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူ Mi 35 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။