Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် PDF တပ်များ (၁၁)ကြိမ်တိုက်ပွဲဖြစ်

“အန္တရာယ်ကင်းစွာ ပြန်လာကြပြီလို့တော့ ပြောတယ်”ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)နှင့် နီးစပ်သူတစ်ဦးက ယနေ့(ဒီဇင်ဘာ ၂၄)အခြေအနေအား ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်)

▪️စစ်တပ်ဗိုလ်မှူးအပါအဝင် ၂၀ကျော်သေဟုဆို

ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း (၁၁)ကြိမ်ဖြစ်ထားပြီး စစ်ကောင်စီတပ်မှ ဗိုလ် မှူးတစ်ဦးအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးကြောင်း တောင်ငူခရိုင် PDFတပ်ရင်း (၃၅၀၁)က ယနေ့ (ဒီဇင်ဘာ ၂၄) ထုတ်ပြန်သည်။

တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ဒီဇင်ဘာ ၁၅ ရက်ကစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင် စီတပ်မှ ဗိုလ်မှူးနန္ဒအောင်အပါအဝင်အခြားအဆင့် ၂၀ထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်ထံမှ အမ်အေ-၂ စက်သေနတ် တစ်လက်၊ အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ အမ်အေ-၃ ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ (၆၀)မမ ဗုံးသီး တစ်ခု၊ အာပီဂျီ ဗုံးသီး တစ်ခု နှင့် ကျည်မျိုးစုံ တို့အားသိမ်းဆည်းရမိခဲ့ကြောင်း တပ်ရင်း (၃၅၀၁)က အသိပေးသည်။

အထက်ပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ တပ်ဖွဲ့ဝင်သုံးဦး မြင့်မြတ်စွာအသက်စွန့်လွှတ်ခဲ့ရပြီး ရဲဘော်တစ်ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့သည်ဟု ဖော်ပြသည်။

“အန္တရာယ်ကင်းစွာ ပြန်လာကြပြီလို့တော့ ပြောတယ်”ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)နှင့် နီးစပ်သူတစ်ဦးက ယနေ့(ဒီဇင်ဘာ ၂၄)အခြေအနေအား ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင်း တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူ (၁,၀၀၀)ဦးထက်မနည်း ဘေးကင်းရာသို့ တိမ်းရှောင်နေရကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က အသိပေးထားသည်။

You May Also Like

ဗီဒီယို

လက်ရှိကာလမှာ ခရစ္စမတ်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးစတဲ့ အထိမ်းအမှတ် ပွဲတော်‌တွေပြုလုပ်နေပေ မယ့် ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ မိသားစုနှင့်အတူ ဖြတ်သန်းဖို့ တိုက်တွန်းထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။

သတင်း

အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။

သတင်း

နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူရတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့ပါတယ်။