Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းမြို့နယ် တကောင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟုဆို

အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။

(ကြာညှပ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဉ်)
(ကြာညှပ်(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဉ်)

သပိတ်ကျင်းမြို့နယ်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၄)နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီတပ်၏ တကောင်းစစ်ဆေးရေးဂိတ်ကို (၄၀)မမ ဗုံးသီးနှစ်လုံးအပြင် လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“(၄၀)မမနဲ့ ပထမတစ်ချက် စပစ်ကတည်းက သူတို့ကလည်း ပြန်ပစ်တာပဲ။ နောက်တစ်ချက်ပစ်ပြီးလက် နက်ငယ်များနဲ့ထပ်ပြီး ဝင်ရောက်ပြစ်ခတ်ခဲ့ပါတယ်။ ပစ်နေတုန်း သူတို့ဘက်က ရဲတစ်ကောင်ကတော့ ပစ်နေတဲ့လက်နက်လွင့်ပြီး လဲကျသွားတာကိုပဲမြင်ခဲ့ရပြီး ပြန်ဆုတ်ခဲ့ပါတယ်”ဟု ကြာညှပ်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။

သတင်း

"အန္တရာယ်ကင်းစွာ ပြန်လာကြပြီလို့တော့ ပြောတယ်"ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)နှင့် နီးစပ်သူတစ်ဦးက ယနေ့(ဒီဇင်ဘာ ၂၄)အခြေအနေအား ပြောသည်။

သတင်း

နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူရတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့ပါတယ်။

သတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်သည် စစ်ကောင်စီတပ် ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၏ အုပ်ချုပ်နယ်မြေတွင် ပါဝင်သည့် မြို့နယ်ဖြစ်သည်။